MRTV News
မော်လမြိုင်သတင်းဌာနခွဲကျိုက်မရောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်နှင့်အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ





ကျိုက်မရော၊ နိုဝင်ဘာ (၁၄)
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ နိုင်ငံ၏နေ့ထူးနေ့မြတ်များ အစဥ်အမြဲအမှတ်ရစေရန်၊ စိတ်ကူးနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ နိုဝင်ဘာ(၁၄)ရက် မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့် စိတ်ကြိုက် ဆေးရောင်စုံခြယ်ပြိုင်ပွဲ နှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် အောင်သုခ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး၊ တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရ လက်ဆောင်များပေးအပ်ကြောင်း သိရသည်။