MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့် ရှင်းရေးဆောင်ရွက်

သထုံ၊ နိုဝင်ဘာ (၁၂)

 

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပစေ ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ နို၀င်ဘာ(၁၂)ရက် နံနက် ၇နာရီ က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ စေတီတော်ဝန်းအတွင်းရှိ ဓာတ်တော်ဆေးမင်္ဂလာကန်တော်ဝန်းကျင် အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရင်ပြင်တော်သန့်ရှင်းရေးများဆောင်ရွက်ခြင်း စသည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၂၅၀) ကျော်ခန့်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သထုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး စေတီပုထိုးများ၊ မြို့တွင်းလမ်းများ၊ ရေနုတ် မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံစသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။


Report Page