MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ


မုဒုံ၊ နိုဝင်ဘာ (၁၁)

၂၀၂၂ ခုနှစ် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကန်ကြီးကျောင်း၌ ကျင်းပသည်။ ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အမျိုးသားအောင်ပွဲနေ့  ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမြဲအမှတ်တရရှိစေပြီး အမျိုး သားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသားယဥ်ကျေးမှု အမွေအနှစ်များကို အစဥ်ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက်ကျောင်း သား/သူများ အသိပညာဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများ ပြသခဲ့ရာ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား/သူစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။



Report Page