MRTV News
မော်လမြိုင်သတင်းဌာနခွဲပေါင်မြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ









ပေါင်၊ နို၀င်ဘာ(၄)
ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ မူလတန်းလွန်ကျောင်း (ကမ်းနား)တွင် နိုဝင်ဘာ (၄)ရက် နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ဒေါ်အိအိခင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး နှင့်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံတို့ကို ဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြီး၊ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် စိတ်ဝင်စားဖွယ် ကလေးစာအုပ်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုပြီး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။