MRTV News

MRTV News

မန္တ​လေးသတင်းဌာနခွဲ

မန္တလေးကျုံးအရှေ့ဘက် ရတနာပုံဥယျာဉ်တွင် သီတင်းကျွတ်ဆီမီးထွန်းပွဲတော်ဆက်လက် ကျင်းပ

မြန်မာ့ရိုးရာ သီတင်းကျွတ် ဆီမီးထွန်းပွဲတော်ကို မန္တလေးကျုံးအရှေ့ဘက်၊ ရတနာပုံဥယျာဉ်၏ အရှေ့ဘက်ခြမ်းနေရာ၌ ​သီတင်းကျွတ်လပြည့်​ကျော် (၁)ရက်​နေ့မှာလည် းဆက်လက်ကျင်းပခဲ့တာဖြစ်​ကြောင်းသိရသည်။

ဆီမီးထွန်းပွဲ ဒုတိယ​နေ့တွင် မန္တလေးမြို့တော်သူ၊ မြို့တော်သားများ၊ ရပ်နီး၊ရပ်​ဝေးမှ ပြည်သူများက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြတာပြီး ကျုံး​ရေပြင်တွင်ဆီမီး​ရေ​မျှောခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ နှင့် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ကျောက်ဆည်ဆင်အက၊ ရိုးရာခြင်းလုံးအလှခတ်၊ မန္တ​လေးမြို့​တော်စည်ပင်သာယာ​ရေးခေတ်ပေါ်တေးဂီတအဖွဲ့၊ Unplugged တေးဂီတအဖွဲ့များနှင့်အတူ နိုင်ငံကျော်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ကြ​သည်။

သီတင်းကျွတ်မီးထွန်းပွဲ​တော်ကိုပါဝင်ဆင်နွှဲကြတဲ့ပြည်သူများအား ဌာနဆိုင်ရာအသီးသီး၏ စတုဒိသာမဏ္ဍပ်များမှ ကြာဇံဟင်း၊ ​ကျောက်​ကျော၊ မုန့်​ပေါင်း၊ ထမင်းနဲ အစရှိသည့်မြန်မာမုန့်မျိုးစုံဖြင့်ဧည့်ခံ​ကျွေး​မွေးကြတာဖြစ်​ကြောင်းလဲသိရသည်။

Report Page