MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

သထုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်း ဖွင့်လှစ်


သထုံ၊  အောက်တိုဘာ (၃)

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၃)ရက် နံနက်ပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက သင်တန်းဖွင့် အမှာစကား ပြော ကြားပြီး ခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနမှူးဒေါ်သင်းသင်းဆင့်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်တို့က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆီထွက်သီးနှံ(နေကြာ)တစ်ဧက တစ်ဧကအထွက်နှုန်းတိုးမြင့်အောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ စသည်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။အဆိုပါသင်တန်းကို ‌မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ နှစ်ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာရှင်များက ဆီထွက်သီးနှံ(နေကြာ)တစ်ဧကအထွက်နှုန်းတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆောင်းသီးနှံစိုက်တောင်သူ(၄၂)ဦးတို့ အား စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


Report Page