MRTV News

MRTV News

sittwe

စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

၃.၁၀.၂၀၂၂

စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အောက်တိုဘာ ၂ ရက်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပသည်။

ဆွေးနွေးပွဲတွင် စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍

ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သိန်းဝင်းက ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ ဥပဒေများ၊ ပြစ်ဒဏ်များ၊ တရားမဝင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ထိရောက်သော လုပ်ဆောင်ချက်များနှင့် ကလေးများ လုပ်ကိုင်နိုင်သည့် အလုပ်များ ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးသည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများအခမဲ့ ငှားရမ်းခြင်း၊ ပြည်သူများ အသိပညာ

ဗဟုသုတ ရရှိမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



Report Page