MRTV News

MRTV News

မန္တလေးသတင်းဌာနခွဲ

မန္တလေးတိုင်းဒေသကြီးအတွင်း (၂၀၂၂)ခုနှစ်၌ မီးလောင်မှုများနှင့် သဘာဝဘေးဆိုင်ရာ ဖြစ်ပွားမှုအကြိမ်ရေမှာ ယခင်နှစ်ကထက် လျော့နည်းကျဆင်းလာခဲ့

မန္တလေး၊ အောက်တိုဘာ(၂)

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့် အဓိကရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေးတွေကို တပ်ဖွဲ့ဝင်အင်အား (၁၁၀၀)ကျော်အပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များဖြင့် ပြည်သူ့အကျိုးကို ရည်မှန်းဆောင်ရွက်လျှက်ရှိရာ အဓိကကျလှသည့် ပြည်သူများ၏ပူးပေါင်းပါဝင်မှုများ၊ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခုနှစ်တွင် မီးလောင်ကျွမ်းမှုနှင့် သဘာဝဘေးဖြစ်ပွားမှု အကြိမ်ရေများ လျော့နည်းလာခဲ့ကြောင်း သိရှိရပါသည်။ နှိုင်းယှဥ်မှုအနေဖြင့် (၂၀၂၁)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၂၇)ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေ (၂၀၀)၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၂၁၇.၄၇၀)၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပွားမှုအကြိမ်ရေ (၁၆၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုနှစ် (၂၀၂၂)ခုနှစ်ကာလတူအချိန်၌ မီးလောင်မှုအကြိမ်ရေ (၁၄၈)ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၁၆၈.၈၁၂)၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပွားမှုအကြိမ်ရေ (၁၃၄)ကြိမ်ဖြစ်ပွားခဲ့ပြီး လျော့ကျမှုအနေဖြင့် မီးလောင်မှုအကြိမ်ရေမှာ (၅၂)ကြိမ်၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပွားမှုအကြိမ်ရေ (၂၉)ကြိမ်လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မီးငြိမ်းသတ်ယာဥ် (၂၄၁)စီး၊ မီးသတ်ရေသယ်ယာဥ် (၁၅၃)စီး၊ အထောက်အကူပြုယာဥ် (၅၀)စီး၊ မီးသတ်စက်ယာဥ် (၂၅)စီး၊ အပေါ့စားစက်အပါအဝင် ယာဥ်၊စက် စုစုပေါင်း (၆၅၂)စီးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 

Report Page