MRTV News
မော်လမြိုင်သတင်းဌာနခွဲချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
![](https://telegra.ph/file/bc9f05d1a9e100e42434c.png)
![](https://telegra.ph/file/f3891c78d2199d1d65d6b.png)
![](https://telegra.ph/file/dbb146042e33853cd4a66.png)
![](https://telegra.ph/file/6192b21118faaa779cd00.png)
![](https://telegra.ph/file/0ce3f393583b136fec7af.png)
![](https://telegra.ph/file/28615fc2f76930ea7a935.png)
![](https://telegra.ph/file/42fbaae63287285aaa589.png)
![](https://telegra.ph/file/0dca9e8d9ed77306a56fb.png)
ချောင်းဆုံ၊ စက်တင်ဘာ (၃၀)
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်ပင်လယ်ဆိပ်ကမ်းရှိ နတ်မှော်ကျေးရွာတွင် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ(၂)နာရီက မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ အများပြည်သူပါဝင်သော သဏ္ဌာန်တူ ဇာတ်တိုက်လေ့ ကျင့်ခြင်း ဆောင်ရွက်သည်။ ရှေးဦးစွာ ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးတင်လင်းဦးက (အညိုရောင်အဆင့်) မုန်တိုင်းသတိပေး ထုတ်ပြန်ချက်ကို ကျေးရွာပြည်သူများ သိရှိနိုင်ရန် အသံချဲစက်ဖြင့် အသိပေးကြေညာခြင်း၊ ကြိုတင်သတ်မှတ်ထားသည့် (ဘေးလွတ်ရာ) School Cum Shelter သို့ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကိုရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်း၊ ဆေးရုံဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ကြသည်။ ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ကာကွယ်ရေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ် ရေးအသင်းအဖွဲ့များ နှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၅၀)ခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာများကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ကြောင်း သိရသည်။