MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

မုဒုံမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ ကျင်းပ

မုဒုံ သြဂုတ် ၂၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် သြဂုတ် ၂၀ ရက်နံနက် ၁၀ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကမ္ဘာပေါ်တွင် အဖြစ်များနေသည့် လူကုန်ကူးမှု နှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများ ဗဟုသုတရရှိရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပြည်သူအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက လူကုန်ကူးမှု ဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ကာမဆိုင်ရာ တစ်မျိုးမျိုး ပြုခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်း ၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း ၊ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူဖယ်ရှားခြင်း ၊ရောင်းစားခြင်း စသည်တို့ကို ပြုလုပ်ရာမှ ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာကို လက်ခံခြင်း သဘောတူခြင်း ၊ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရင်းနှီးပြီး အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ခြင်း၊ တရားမဝင် သွားရောက်ခြင်းတို့သည် လူကုန်ကူး ခံရနိုင်ဖွယ်ရှိကြောင်း၊ အမျိုးသမီးနှင့်ကလေးငယ်များတွင်သာမက အမျိုးသားများလည်း လူကုန်ကူး ခံနေရသောကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် အားလုံးတွင် တာဝန်ရှိကြောင်း၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှု ကိစ္စရပ်များကို သိရှိပါက ဆက်သွယ်ရမည့် အထူးဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ကျောင်းသား ကျောင်းသူများသည် လူကုန်ကူးမှုဆိုင်ရာ နံရံကပ်ပိုစတာ နှင့် ဗီနိုင်းများ၊ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ခင်းကျင်းပြသထားသည့် သုတ ၊ ရသ နှင့် ရုပ်ပြစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

Report Page