MRTV News

MRTV News

စစ်တွေသတင်းဌာနခွဲ

ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အဆင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲ ကျင်းပ

မောင်တော၊ ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမတွင် သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက မြို့နယ်အဆင့် အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ပြီး၊ ကိုယ်ဝန်ဆောင်မိခင်

နှင့် ၅ နှစ်အောက် ကလေးများကို ဗီတာမင်အေနှင့် သံဓါတ်အားဆေးများ တိုက်ကျွေးသည်။

ထို့နောက် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ

ခင်းကျင်းပြသထားသည့် ရောဂါကာကွယ်ပေးသောအစားအစာများကို ကြည့်ရှုအားပေးသည်။

ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ " မိခင်နို့ချို တိုက်ကျွေးဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုး

ပညာပေးကာ၊ ယနေ့မှစ၍ အရှိန်မြှင့်ပါ" ဖြစ်ကြောင်း၊ နေ့စဥ်စားသုံးသော အစားအစာများတွင် အာဟာရနှင့်ပြည့်ဝရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် အာဟာရ ချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း

ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ အထူးသဖြင့်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် အာဟာရချို့တဲ့မှုကို

အခံစားရဆုံး ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် နှင့်

အာဟာရဖွံဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


Report Page