MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

(၂၃)ကြိမ်မြောက်စာအောင်သံဃာတော်များ အားဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ မြို့နယ်ဆန်လှူအသင်းမှကြီးမှူး၍ ၂၀၂၂-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပ ထမပြန်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့သော (၂၃)ကြိမ်မြောက်စာအောင် သံဃာတော်များ နှင့်သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ​ သြဂုတ် ၁၈ မွန်း လွဲ ၁၂း၃၀ နာရီက အောင်ဇေယျရပ်ကွက်ရှိ မ ဟာရင်မွန်ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြု လုပ်သည်။

အခမ်းအနားတွင်ရှေးဦးစွာ နမောတသ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆက်လက် ၍ သြဝါဒ ဆရာတော်ကြီးများထံမှ ၈ ပါးသီလ ခံယူဆောက်တည်​ ပြီးမြို့နယ်သာသနာရေးဦး စီးဌာနဦးစီးမှူး ဦးရဲ မြတ်သူက သာသနာတော် ဆိုင်ရာများကိုလျှောက်ထားတင်ပြသည်။

ထို့နောက်မြို့နယ်ဆန်လှူအသင်း ဒုတိယဥက္ကဌ ဦးတင်ယုက မြို့နယ်ဆန်လှူအသင်း၏(၂၇)နှစ်တာဆောင် ရွက်ချက်များကိုရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ စာအောင်သံဃာတော်များအား ဂုဏ်ပြုဆက်ကပ်ပူဇော်ပွဲပြုလုပ်ရာ သြဝါဒဆရာတော်ကြီး(၁၂)ပါး၊ စာချဆရာတော်(၂၇)ပါး၊ စာအောင်သံဃာ တော်နှင့်သီလရှင်စုစုပေါင်း(၁၇၆)ပါးကိုပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးခင် မောင်ဦးနှင်တာဝန်ရှိသူများမှဝတ္တု အလှူငွေများဆက်ကပ်လှူဒါန်းခဲ့​​ ကြပြီးယနေ့လှူဒါန်းသောအလှူငွေစုစုပေါင်းမှာ(၉၅)သိန်း ဖြစ်ပြီး မြို့နယ်ဆန်လှူအသင်းနှင့် ပြည်သူများ မှစုပေါင်းလှူဒါန်းငွေဖြစ်ကြောင်းနှင့်အခမ်းအ နားကို ဗုဒ္ဓသာသနံ၊စိရံတိဌိတု (၃)ကြိမ်ရွတ်ဆို ၍ ပိတ်သိမ်းလိုက်ကြောင်းသိရသည်။


Report Page