MRTV News

MRTV News

စစ်တွေသတင်းဌာနခွဲ

မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ၏ မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ကျင်းပ






စစ်တွေ၊ ဩဂုတ် (၁၃)

 

ရခိုင်ပြည်နယ် ၊ မောင်တော​မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်

သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကံထွန်းအောင်က မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား​ပြီး၊ သက်ဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးမဖြစ်ပေါ်မီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်း ဆုံး ဖြစ်စေရေးနှင့် ဆိုးကျိုးများ တတ်နိုင်သမျှ နည်းစေရေးအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။

 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆောင်ရွက်နေသည့်အခြေအနေများ ပြောကြားခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို တစ်ဦးချင်း ရှင်းလင်းဆွေး နွေးသည်။

 

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ထိထိရောက် ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ပြောကြားပြီး၊ လိုအပ်ချက်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ က  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြောင်း သိရသည်။ 


Report Page