MRTV News

MRTV News

စစ်တွေသတင်းဌာနခွဲ

မောင်တောမြို့နယ် သစ်တောဦးစီးဌာနမှ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ







စစ်တွေ၊ ဩဂုတ် (၇)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ်မိုးရာသီ စုပေါင်း သစ်ပင်စိုက် ပျိုးပွဲကို   သြဂုတ် ၇ ရက် နံနက် ၈ နာရီခွဲအချိန်က မောင်တော -ဘူးသီးတောင် ကားလမ်းမဘေးရှိ သစ်တောဦးစီး ဌာနပိုင် မြေနေရာတွင် ကျင်းပသည်။

 ရှေးဦးစွာ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင် သစ်တောဦးစီမှူး ဦးပုန်ဇဂင့်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်သည်။

 သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး အိမ်တွင်းမှု ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် သင်တန်းသူများ၊ (၃)မိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကရုဏာကွန်ရက် လူမှုကူညီရေး အသင်းတို့မှ အသင်းသား အသင်းသူများ အပါအဝင် ပြည်သူအင်အား ၂၀၀ ခန့်က ကျွန်းပင် ၅၀ ၊ ပျဉ်းကတိုးပင် ၅၀ ၊ မန်ဂျန်ရှားပင် ၁၅၀၊ မဟော်ဂနီပင် ၂၀ နှင့် ရေသင်းဝင်ပင် ၃၀ တို့ကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသ နှင့် မျက်စိပသာဒ ရှိစေရေး ၊ သစ်တော သစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထား သိရှိနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 



Report Page