MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

ပေါင်မြို့နယ်တွင် (Biometric)  ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူ

 မွန်ပြည်နယ် ပေါင်မြို့နယ်တွင် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများအား (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူခြင်းကို ဇူလိုင် ၁၈ ရက်နေ့က ပေါင်မြို့နယ် ဝါရီရူခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ အချက်အလက်များကောက်ယူ၍ နိုင်ငံအတွင်းနေထိုင်သူများအားလုံးကို UID နံပါတ်ထုတ်ပေးခြင်းဖြစ်ကြောင်း ၊ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့်စနစ်ဖြစ်ကြောင်း၊ ပညာရေး ၊ ကျန်းမာရေးနှင့် အခြားလူမှုရေး ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် လွယ်ကူစွာလျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ နေထိုင်သူ ပြည်သူ အားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

Report Page