MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

မြိတ်မြို့တွင် Biometric Data စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး Unique ID နံပါတ် (၉၀၀)ဦးကျော် ထုတ်ပေးခဲ့ပြီးဖြစ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာ မြိတ်မြို့နယ်တွင် လူတစ်ဦးချင်းစီ ၏ Biometric Data များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ် ဦးစီးမှူးရုံး နံဘေး အဆောက်အဦ၌ ဆောင်ရွက်လျက်ရှိပြီး Unique ID နံပါတ်ကို (၉၀၀)ဦးကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Biometric Data များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက် အလက်များကို Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ပွေ ကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့် server ထဲထည့်၍ Biometric Data များ စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား QR Code ပါသည့် ဂဏန်း(၁၀)လုံးပါသော Unique ID နံပါတ် စာရွက် ပြန်လည်ထုတ်ပေးလျက်ရှိရာ ဇူလိုင် (၁၄)ရက်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။ 

အဆိုပါလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ ဦးဆောင်၍ ဝန်ထမ်းများက Biometric အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ ဖြင့် ဇွန်လ(၃၀)ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး Biometric Data များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဦးတည် အုပ်စုများ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်(၉၀၀)ဦးကျော်ကို စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Report Page