MRTV News

MRTV News

မော်လမြိုင်သတင်းဌာနခွဲ

ပေါင်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရုံးဌာနလုံခြုံရေးဆိုင်ရာ အစည်းအဝေး ကျင်းပ 







ပေါင် ၊ မေ (၉)

ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မေလ (၉) ရက် မွန်းလွဲပိုင်းက ရုံးဌာန လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကျင်းပသည်။အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း က ရုံးဌာန လုံခြုံရေး ဂရုစိုက် ဆောင်ရွက်ရန်၊ ရပ်ကွက် ကျေးရွာတိုင်း ညစဉ်ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက် ရန်၊နေ့စဉ် ရုံးအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ရန်၊စိစစ်တွေ့ရှိချက်များကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့သို့ သတင်းပေးပို့ရန်ပြောကြားသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဗိုလ်မှူးကျော်နိုင်ဦးနှင့် ရဲမှူးသံမရောင်းတို့က မြို့လုံခြုံရေးအတွက် စီမံဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ထို့ နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရုံးဌာနလုံခြုံရေးအတွက် စနစ်တကျ တာဝန်ချထားမည့် အစီအစဥ်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။



Report Page