MRTV News

MRTV News

နေပြည်တော်သတင်းဌာနခွဲ

Facebook တွင် MRTV အမည်အသုံးပြု၍ လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

လူမှုမီဒီယာ Facebook တွင် MRTV အမည် အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိရ ပါသည်။

ယင်း Page အမည်များမှာ MRTV သတင်း၊ MRtv HD Page၊ MRTV News၊ MRtv Page၊ Mrtv  သတင်း၊ Mrtv၊ Mr-tv ၊ Mr.TV၊ MRTV Entertainment၊ MRTV(Film/Television)၊ MRTV (Art & Entertainment)၊ MRTV (TV Network) ၊MRTV News and Entertainment၊ MRTV LIVE၊ MRTV၊ MRTV-People Voice၊ MRTV Real News တို့ဖြစ်ပြီး ၎င်းတို့ အနက် စဉ်ဆက်မပြတ် လွှင့်တင်နေသော Page (၄)ခု၏ Profile ပုံများကို ဖော်ပြထားသည်။

အဆိုပါ Page များတွင် ဆူပူအကြမ်းဖက်မှုနှင့်  ပဋိပက္ခသတင်းများ ဦးစားပေး လွှင့်တင်နေပြီး ဖျော် ဖြေရေး၊ ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထည့်သွင်းထုတ်လွှင့်လျက်ရှိရာ MRTV အမည်နှင့် Logo အား ခွင့်ပြု ချက်မရှိဘဲ ရယူသုံးစွဲနေသည့် Page အတုများဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ  သတင်းထုတ်ပြန်ထားသည်။ 


Report Page