MRTV News

MRTV News

ဘားအံသတင်းဌာနခွဲ

မြဝတီမြို့၌ လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး ဗလငါးတန်ပြည့်စုံစေရေးလူငယ်စကားဝိုင်း ကျင်းပ 

မြဝတီ ဇန်နဝါရီ.၉ 

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး  နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့၊အခြေခံ ပညာအထက်တန်းကျောင်းခွဲ(အောင်မြေရွှေဘုံ)၌ ကျင်းပသည်။ 

ဦးစွာအခြေခံပညာအထက်တန်းကျောင်းခွဲ

(အောင်မြေရွှေဘုံ)မှကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်က အဖွင့်  အမှာစကားပြောကြားပေးပြီး  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မာမာရီက လူငယ်များသည် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်၍ အသိပညာ၊ အတတ်ပညာပြည့်ဝနေစေရန်နှင့်အတွေးအခေါ်မှန်ကန်စွာဖြင့်လူအများရှေ့၌ရဲဝံ့စွာပြောဆိုတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းကိုကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။ 

ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးပြီး Grade-11 မှ မဇင်ဇင်သော်မြင့်က လူငယ်နှင့်ရည်မှန်းချက်၊ Grade-9မှ မောင်စောလှမင်းက လူငယ်နှင့်ကြိုတင်ကာကွယ်မူးယစ်ဆေးအန္တရာယ်၊၊Grade-11မှ မယွန်းမို့ပွင့်ဖူးအိမ်က လူငယ်နှင့်မြူခိုး မြူငွေ့အန္တရာယ်တားဆီးကာကွယ် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အလိုက်  သိရှိလိုသည်များကိုမေးမြန်းရာတွင်ဦးဆောင်ဆွေးနွေးသူများနှင့်တာဝန်ရှိသူများကဖြည့်စွက်ရှင်းလင်းပေးပြီးအမှတ်တရ ဂုဏ်ပြုလက်ဆောင်များချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

Report Page