MRTV News

MRTV News

မန္တလေးသတင်းဌာနခွဲ

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ


 

မန္တလေး၊ဇန်နဝါရီ(၄)

 လွတ်လပ်ရေးနေ့ဟာမြန်မာ့သမိုင်းမှာထူးခြားမွန်မြတ်သည့်နေ့တစ်နေ့ဖြစ်သောကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားများကိုတစ်နိုင်ငံလုံးအနှံ့ ကျင်းပလျက်ရှိကြသလို မန္တလေးမြို့တွင်လည်း အလေးအမြတ်ပြုကျင်းပ ပြုလုပ်ခဲ့သည်။ ပိုမိုထူးခြားမှုအ‌နေ ဖြင့် ယခုနှစ်သည်(၇၅)နှစ်မြောက်စိန်ရတုအခါသမယဖြစ်နေသောကြောင့် ပိုမိုအလေးအမြတ်ပြုပြီး မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို နံနက် (၄:၂၀)တွင် အလံတင်အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးနံနက်(၇:၀၀)အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗီုလ်ချုပ်မှူးကြီး သတိုးမဟာသ‌ေရစည်သူ၊သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သောသဝဏ်လွှာအား မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းမှ ဖတ်ကြားခဲ့သည်။ နှစ်စဉ်လွတ်လပ်ရေးနေ့အခမ်းအနားများကိုကျင်းပရခြင်းသည် နယ်ချဲ့လက်အောက်မှလွတ်လပ်ရေးအတွက် ရာစုနှစ်နဲ့ချီပြီး အသက်၊သွေး၊ချွေးတို့ပေးဆပ်ကာရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ကျေးဇူးတရားများကို အောင့်မေ့သတိရရန်၊အခြားကမ္ဘာနိုင်ငံများနှင့်တန်းတူလွတ်လပ်သောနိုင်ငံ၊လွတ်လပ်သောနိုင်ငံသားများဟူသောဘဝကိုလေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ငြိမ်းချမ်းသာယာဝပြောသော၊ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကို နိုင်ငံသားများ၊တိုင်းရင်းသားများအားလုံးတို့က တစည်းတလုံး၊တညီတညွတ်တည်းကြိုးပမ်း တည်ဆောက် နိုင်ကြစေရန် ဆိုသည့် ရည်ရွယ်ချက်များပါဝင်ကိန်းအောင်းလျက်ရှိသည်ဟုသိရသည်။

 


Report Page