MRTV News

MRTV News

စစ်တွေသတင်းဌာနခွဲ

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘူးသီးတောင်မြို့နယ် ဂန္ဓာမာကျေးရွာတွင်ကျောက်ချောလမ်းသစ်ဖွင့်ပွဲ ကျင်းပ

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘူးသီးတောင်မြို့နယ် ဂန္ဓာမာကျေးရွာတွင် ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ချောလမ်းသစ်ဖွင့်ပွဲ ကျင်းပသည်။ ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်က ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဂန္ဓာမာကျေးရွာမှ ပြည်သူဒေါ်ဝင်းနန္ဒာထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဦးစောထွန်းက တာဝန်ရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အလံများ ပေးအပ်သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးတင်မိုးအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ကျောက်ချောလမ်းကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ် သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် သိန်း(၆၀)ဖြင့် အလျား (၁၀၀၀)ပေ၊ အကျယ်(၁၂) ပေ၊ ဒု (၈)လက်မလမ်းအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။



Report Page