Love Reset (2023)
By ArielIMDb - 6.8, MyDramaList - 7.9
Kang Ha Neul နဲ့ Jung So Min တိုရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days 🔥 Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1 နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာအတော်များများသိကြမှာပါ…. ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ…. ရုပ်ရှင်ကားထွက်တော့ ထင်ထားတာထက် ပိုရယ်နေရတယ်…
အကျဉ်း….ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖိုကြိုးစားနေတဲ့ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်.အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့ဖူးစာပါလာတယ်….
အခက်အခဲတွေကြားထဲကမှ သူတို့အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..ဇာတ်လမ်းက ခုမှစတာ….မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ…၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်းလုံးဝကွဲပြားနေတယ်…ဒီလိုနဲ့ပဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…