Long Long Time ago. . . . . . .
နွေဦးလုံခြုံရေး
ဒစ်ဂျစ်တယ်အလွဲများအပိုင်း (၄)
========================
ကဲ..ထုံးစံအတိုင်းပဲ
လွဲချက်ဆိုတာ ပြောမနေနဲ့
နည်းနည်းလေးတော့ လွဲနေတယ်မဟုတ်ဘူး..
လွဲတာမှ တော်တော်ကြီးကြီးကို လွဲနေတာ
ဘာတဲ့ ဂျင်းကြီးမှ..တကယ့်ဂျင်းကြီး
နွေဦးလို့ပြောလိုက်တာနဲ့ လူထုကြီးမယ် လှုပ်လှုပ်ရွရွဖြစ်လာပါရော
ဟိုဟာလေးကောင်းတယ် ဒီဟာလေးသုံးရင်တော့ ဒီလိုဖြစ်မယ် ဆိုတိုင်းလဲ မျက်စိစုံမှိတ် လိုက်မလုပ်ကြနဲ့ဦး... နွေဦးဆိုတဲ့ စကားရပ်တစ်ခုရဲ့နောက်မှာ ကောင်းတာတွေလုပ်နေကြတာတွေရှိသလို ဒီစကားစုလေးကိုပဲအသုံးချပြီး အမြတ်ထုတ်နေတာတွေလဲရှိတာမို့ တစ်ခုခုဆို အရင်ဆန်းစစ်ဖို့ လုံခြုံရေး သတိ အသိလေးကပ်ပါ ကိုယ့်လူတို့ရေ…
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်
တောအုပ်ကြီးတစ်ခုမှ ပညာရှိကိုရွှေဇီးကွက်ကြီး တစ်ကောင်နေထိုင်ပြီး သူနေထိုင်ရာ တောအုပ်ကြီးဟာ နက်ရှိုင်းတဲ့ ချောက်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်တဲ့ကွယ်။ တောတွင်းသားငယ်လေးတွေဟာ မုဆိုးတွေ၊ သားရဲကြီးတွေရဲ့ ရန်က အမြဲရင်ဆိုင်နေရပြီး မြင့်မားတဲ့ ချောက်တွေကြောင့် ပြေးစရာမြေဟာ အတော်ကို နည်းနေကြရပါတယ်။
တစ်နေ့မှာတော့ ကိုရွှေဇီးကွက်ကြီးဟာ တောတွင်းသားငယ်လေးတွေကို အသက်ဘေးကနေ ကယ်တင်ဖို့ ချောက်အလွန်က တောအုပ်နဲ့ ဒီဘက်တောအုပ်ကို တံတားတစ်စင်း ထိုးဖို့ အကြံရပြီး တောထဲက ခွန်အားရှိသူ တွေနဲ့ ပူးပေါင်းကာ တံတားတစ်စင်းကို တည်ဆောက်လိုက်ကြပါတယ်။ ဒီလို တံတားလေး ပေါ်လာပြီးကတည်းက တောတွင်းသားငယ်လေးတွေဟာ အသက်ဘေးမှ ရှောင်ကွင်းနိုင်ကြပြီး နေ့တဓူဝမှာလည်း တံတားလေးကို အသုံးပြုလာကြပါတော့တယ်။ တံတားလေးနာမည်ကိုတော့ ကိုရွှေဇီးကွက်ကြီးက ဗီပီအန် လို့ ပေးထားပါတယ်။
တစ်နေ့မှာတော့ တံတားအသစ်တစ်စင်းဟာ တောထဲမှာ ထူးဆန်းစွာပေါ်ပေါက်လာပြီး ဘယ်သူက ဆောက်လုပ်ထားမှန်းလဲ မသိရပဲ ဖြစ်နေပါတယ်။ တံတားမှာတော့ စာတစ်ခုရေးထားပြီး တိရိစ္ဆာန်လေးတွေ သွားဖတ်ကြည့်တဲ့အခါ " ပျက်စီးနေပြီဖြစ်တဲ့ တောအုပ်ကြီးကို ကယ်တင်ဖို့ တံတားကို တစ်ခါဖြတ်တိုင်း သစ်စေ့တစ်စေ့စီထားခဲ့နိုင်ပါတယ်" လို့ရေးထားပါတယ်။ တောတွင်းသားငယ်လေးတွေကတော့ ငါတို့ကတော့ တံတားလည်း ဖြတ်ရင်း တောအုပ်ကိုလည်း ကယ်ရင်းလုပ်လို့ရပြီဆိုပြီး ပျော်နေကြပါတယ်။ သို့ပေမယ့် တောတွင်းက ကိုကြောင်ကြီးရဲ့ ရှင်းပြချက်အရ ဘယ်သူဆောက်ထားမှန်းမသိတဲ့ ဒီတံတားဟာ ကိုရွှေဇီးကွက်ကြီး ရဲ့ အတွေးနဲ့ ပုံဖော်တည်ဆောက်ထားတဲ့ တံတားနဲ့ ချွတ်စွပ်တူနေပြီး တချို့ဟာတွေကိုတော့ လိုသလို ပြုပြင်ထားတာဖြစ်ပါတယ်။ တောတွင်းသားငယ်လေးတွေဟာ အတွေးတွေနဲ့ ဒီတံတားကြီးကို သုံးရမှာလား၊ ယုံလို့ရောရရဲ့လားဆိုတဲ့ မေးခွန်းတွေဟာ တောတွင်းတခုလုံး ပြန့်နှံ့နေခဲ့ပါတော့တယ်။
ဘယ်သူဆောက်ထားတဲ့ တံတားမှန်းမသိရတဲ့အပြင် ဆောက်ထားတဲ့ တံတားဟာလည်း ဒီလို နက်ရှိုင်းတဲ့ ချောက်ကြီးကို ကျော်ဖြတ်နိုင်လောက်အောင် ခိုင်ခန့်ပါ့မလား၊ တံတားဟာလည်း ပိုပြီးရက်စက်ကြမ်းကြုတ်တဲ့ သားရဲတိရိစ္ဆာန် တွေဆီကို ဦးတည်နေမလားဆိုတာကိုပါ တောတွင်းသားငယ်လေးတွေက ပူပန်ကြပါတယ်။ နဂိုတကည်းက ပူပန်နေတဲ့ တောတွင်းသားငယ်လေးတွေဟာ ကိုရွှေဇီးကွက်ကြီးရဲ့ ဉာဏ်အမြော်အမြင်ဖြစ်မှုကိုပါ ကူးချပြီး အသိပေးခြင်းတစ်စုံတစ်ရာပါ မရှိတဲ့ တံတားကြီးကို ဘယ်သူမှ အသုံးမပြုတော့ပါဘူး။
ဒီပုံပြင်လေးမှာတော့ ဘယ်လောက်ပဲ ကောင်းကျိုးအတွက် လုပ်သည်ဖြစ်ပါစေ မူရင်းပိုင်ရှင်ရဲ့ ဖန်တီးမှုကို မလေးစား၊ တန်ဖိုးမထားရင် ဝိုင်းဝန်းဖယ်ကျဉ်ခံရနိုင်ပြီး သူတပါး ဖန်တီးမှုကို အလွယ်တကူ ယူငင် ပြုပြင်ပြီး ကိုယ်ဖန်တီးထားသလို ပြုမူခြင်းဟာ ကျင့်ဝတ်ကောင်းတစ်ခုမဟုတ်ကြောင်းကို လေ့လာသိရှိလိုက်ရပါတော့တယ်ခင်ဗျာ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ဟိုအရင်တည်းကပြောနေတာ
လုံခြုံရေး..လုံခြုံရေး...ဆိုပြီး တစ်လုံတည်းလုံ..တစ်ခြုံတည်းခြုံပြောနေတာဆိုရင်ဖြင့်
(၈) လကြီးများတောင်ရှိနေပြီမို့…
နွေဦးကြာဇံ (သို့) နွေဦး တာဇံ များမဖြစ်ကြဖို့
အရေးတော်ပုံ
လုံလုံခြုံခြုံနဲ့ အောင်ဖို့အရေး
အသိလေးကို သတိလေးယှဉ်ပြီး
အနာဂါတ်အရေး တွေးကြည့်လို့ နှိုးဆော်လိုက်ရပါတယ်...တိန်...တိန်..တိန်...
နွေဦးလုံခြုံရေး
နွေဦးတာဝန်အရ တခြားသူတွေလည်း သိရအောင် မျှဝေကြပါဦး
Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity