Lo and Behold: Reveries of the Connected World

Lo and Behold: Reveries of the Connected World

ကြည့်...ကြည့်...ကြည့်..

“Lo and Behold” ကတော့ ၂၀၁၆ ရဲ့ အမေရိကန် Documentary လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီထဲမှာ IT နယ်ပယ်ထဲက ဂုရုအချို့အပါအဝင်  IT နဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ နယ်ပယ်အသီးသီးက ဂုရုတွေကို ခေါ်ပြီး အင်တာဗျူးတဲ့ ပုံစံမျိုးလေးနဲ့ ရိုက်ကူးထားပါတယ်။ အင်တာနက်ဆိုတာ ပေါ်ပေါက်လာပြီးကတည်းက လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ သက်ရောက်မှုတွေရှိနေတယ်ဆိုတာ လူတိုင်းငြင်းလို့မရတဲ့ ကိစ္စပါ။ အဲ့လိုပြောတဲ့ သက်ရောက်မှုတွေကို ပြောတဲ့အခါမှာ ကောင်းတဲ့ဘက် ပိုများတယ်ဆိုပေမယ့် အဲ့ဒီထဲမှာမှ အဆိုးဘက်ကို ဦးတည်နေတဲ့သက်ရောက်မှုတွေလည်းရှိနေပြန်ပါတယ်။ AI လို့ခေါ်တဲ့ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာတွေ၊ Robotic လို့ဆိုနိုင်တဲ့ တိုးတက်တဲ့ စက်ရုပ်နည်းပညာတွေနဲ့က အရင်တုန်းကလောက် နားလည်ဖို့ လက်လှမ်းမှီဖို့မလွယ်ကူတော့ပါဘူး။ ရောင်းရင်းတို့က စက်ရုပ်တစ်ရုပ်အကြောင်းစဉ်းစားနေတဲ့အချိန်မှာ အနောက်နိုင်ငံတွေကတော့ AI Ethics လို့ဆိုနိုင်တဲ့ ( (ဉာဏ်ရည်တု နည်းပညာမှာ ထားသင့်တဲ့ ကျင့်ဝတ်) တွေအကြောင်းပြောနေကြပါပြီ။ နည်းပညာနဲ့ အလှမ်းဝေးတဲ့ သာမန်လူတစ်ယောက်အနေနဲ့ နားလည်ဖို့ အရင်တုန်းကလောက် လွယ်ကူမရိုးရှင်းတော့ပါဘူး။ နည်းပညာတွေ အင်မတန်မှ တိုးတက်လာတာနဲ့အမျှ ရောင်းရင်းတို့ရဲ့ နေ့စဉ်ဘဝတွေမှာ အင်မတန်မှ ကြီးကျယ်ပြီး နက်ရှိုင်းတဲ့ သက်ရောက်မှုတွေရှိနေတာကို ထင်ဟပ်ပြသနိုင်တဲ့ Documentary ပဲဖြစ်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ဆက်စပ်တဲ့ အသိုင်းအဝိုင်းက ဂုရုတွေကိုလည်း အင်တာဗျူးတဲ့အထဲမှာမှ Twitter ရဲ့ စူပါဟီးရိုးကြီး Elon Musk ကြီးပါဝင်နေတော့ စိတ်ဝင်စားဖို့ကောင်းမှာပါ။ တစ်ခြားသော နည်းပညာ ဂုရုတွေကရော...အနာဂါတ် နည်းပညာလေထုကို ဘယ်လိုမျိုး မှန်းဆထားမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာမို့...ပိတ်ရက်မှာကြည့်ရင်း..မန်ဒေးရောက်တာ ဘော်ဘော်တွေကို ကြွယ်လို့ရပြီဗျို့......


ကြည့်ရှုရန်Link:https://moviesjoy.to/movie/lo-and-behold-reveries-of-the-connected-world-6685


Report Page