Live Action Season 2 and Whiskey Peak Arc

Live Action Season 2 and Whiskey Peak Arc

One piece nexus

ဒီနေ့မှာတော့ Live action season 2 နဲ့ Alabasta Saga ကိုယှဥ်ပြီးတော့ Anime/ Manga အတိုင်းသွားနိုင်တဲ့ အပိုင်းတွေ Live action မှာပြောင်းလဲသွားနိုင်နဲ့အပိုင်းတွေအကြောင်း တွေးမိတွေးရာ အာလူးဖုတ်သွားပါမယ်။ Live action season 1 မှာဆိုရင်လဲ Lougetown arc တစ်ခုလုံးကိုဖြုတ်ခဲ့တာတွေ၊ ခွေးလေး Chou Chou ကိုဖြတ်လျှောက်မျှသာထည့်ခဲ့တာတွေလို ဥပမာတွေရှိတာကြောင့် Season 2 မှာရောဘာတွေဖြုတ်ချခဲ့နိုင်လဲ ဘာတွေကတော့ပါလာနိုင်လဲဆိုတာတွေကို arc အလိုက် အပိုင်းတွေခွဲပြီး ဆွေးနွေးသွားပါမယ်။


Whiskey Peak Arc

ဒီArc ဟာတော့ Straw Hats တွေ Log Pose ကိုအသုံးပြုပြီး Grand Line ထဲမှာပထမဆုံးခြေချတဲ့ Whiskey Peak Town ပေါ်မှာအခြေတည်ထားပါတယ်။ ဒီ Arc မှာတော့ Baroque Works အဖွဲ့အကြောင်းစပါလာသလို အဖွဲ့ဝင်တွေကိုလဲ တဖြည်းဖြည်းချပြခဲ့ပါတယ်။ ဒါပေမယ့်လဲ ဒီArc မှာ Baroque Works အဖွဲ့နဲ့ အဖွဲ့ဝင်တွေကိုမိတ်ဆက်တာ Princess Vivi နဲ့ Straw Hats တွေနဲ့အပေးအယူလုပ်ကြတာတို့ကလွဲရင် တခြားဘာမှရေရေရာရာမပါပါဘူး။ Baroque Works အဖွဲ့အကြောင်းဟာလဲ Live action season 1 မှာကတည်းက ပါဝင်ပြီးသားဖြစ်တာကြောင့် သိပ်ထွေထွေထူးထူးဖြစ်နေတာမျိုး မရှိပါဘူး။ (ကျွန်တော့်ကောင်မလေး Miss All Sunday ကိုလဲ ဒီArc မှာဘဲစတင်မိတ်ဆက်သွားခဲ့ပါတယ်။) ဒီလိုတချို့ကိစ္စလေးတွေကလွဲရင် တခြားအရေးကြီးတာတွေသိပ်မပါတာကြောင့် Live action မှာမြင်ရရင်လဲ သိပ်ပြီးကြီးကြီးမားမားမျှော်လင့်စရာမရှိဖို့ များပါတယ်။ ကျွန်တော့်အထင်အရတော့ Reverse Mountain Arc နဲ့ Whiskey Peak Arc နှစ်ခုပေါင်းပြီး Episode တစ်ခုလာမယ်လို့ထင်မိပါတယ်။ (ဒါတွေအားလုံးဟာ Live action season 2 အပေါ် ကျွန်တော့်ရဲ့ထင်မြင်ချက်သာဖြစ်ပါတယ်။)

ဒီနေ့တော့ ဒီလောက်ပါဘဲ။ နောက်အပိုင်းတွေမှာပြန်တွေ့ကြတာပေါ့။


#Nabo

#OnepieceNexus

Report Page