Let's check about Facebook Privacy Policy
နွေဦးလုံခြုံရေး

Facebook က ဘာပဲ လုပ်လုပ် အကုန်သိနေသလိုခံစားနေရလား ?
တစ်ခုခုကို ရှာလိုက်ရုံ တွေးနေရုံ နဲ့ Facebook ပေါ်မှာ ကြော်ငြာတွေတတ်လာနေပြီလား ?
သူငယ်ချင်းနဲ့ ဒါလေးဝယ်ကြရင်ကောင်းမလား လို့ပြောကြတုန်းရှိသေးတယ် Facebook ပေါ် မှာ မြင်လိုက်ရပြန်ပီလား ?
ဟုတ်ပါတယ် ။ ဒါ ကြောက်စရာကောင်းတယ်လို့ ခင်ဗျားတို့ တွေးနေပါလိမ့်မယ် ။ ဒါပေမယ့် ဒါဟာ Facebook ရဲ့ အမှား လို့ ကျနော်တို့က ပြောလို့မရဘူးဗျာ ။ ဘာလိ်ု့လဲဆိုတော့ သူ့ရဲ့ Platform ကို Free သုံးနေတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ဆီက ဘယ်လို အကြောင်းအရာ အချက်အလက် ဘယ်လို ဒေတာတွေယူပါမယ်ဆိုတာကို စာလုံးရေ ၁၀၀၀၀ ကျော်လောက်နဲ့ ရှုပ်ထွေးပွေလီအောင်ရေးထားတဲ့ Privacy Policy ကြီးက ရှိပြီးသားပါ။ တစ်ချက်လောက်ဖတ်ကြည့်ရုံနဲ့ နားလည်ဖို့ခက်တာမျိုးပေါ့... ဒါကြောင့် မဖတ်တော့ပဲ လက်ခံထားလိုက်ကြတာပါပဲ.....
အဲ့တော့ Facebook ကြီးရဲ့ Privacy Policy ရဲ့ အဓိက အချက်လေးတွေကို နွေဦးလုံခြုံရေးကနေ ကောက်နုတ်ပြောပြပေးပါရစေ…Facebook ကချမှတ်ထားတဲ့ ဒီ Privacy Policy က Facebook အပါအဝင် Instagram messenger အစရှိတဲ့ တခြား သူ့ platform တွေအကုန်လုံးအတွက် အကျိုးသက်ရောက်ပါတယ်။ အဲ့တာဆို ဘယ်လို Data တွေကို စုဆောင်းယူဆောင်ပါသလဲဆိုတာကို စဖတ်ကြည့်လိုက်ရအောင်ပါ ။
စပြောရမယ်ဆိုရင်တော့ သူ့ platform မှာ Sign up လုပ် ( အကောင့်ဖွင့် ) ထားတဲ့ အကောင့်တွေရဲ့အချက်အလက်တွေ ၊ အဲ့အကောင့်ကလုပ်ဆောင်သမျှ Like , React , Post , Share လုပ်ခြင်းနဲ့ messenger မှာ ဆက်သွယ်ပြောဆိုသမျှ အကြောင်းအရာတွေအကုန်ကို ယူပါတယ်။ အဲ့ဒီလို ယူဆောင်ရာမှာ Metadata လို့ခေါ်တဲ့ Data ရဲ့ Data တွေကိုပါယူပါတယ်။ ဓာတ်ပုံတစ်ပုံ တင်တယ် ပို့တယ်ဆိုရင် အဲ့ဓာတ်ပုံကြီးပဲရောက်သွားတာမဟုတ်ပါဘူး။ Metadata ဆိုတာ အဲ့ဓာတ်ပုံကို ဘယ်နေ့ ဘယ်ချိန်မှာရိုက်ခဲ့တယ် ဘယ်လောက် resolution ရှိတယ် ဘာ ဖုန်း ဘာ camera အမျိုးအစားနဲရိုက်တယ်အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို Metadata လို့ခေါ်တာပါ၊ ကိုယ့်ဆီက ရှိပီးသားဓာတ်ပုံကို ပို့တာ ၊ Post တင်တာမဟုတ်ပဲ Facebook ရဲ့ Camera ကိုအသုံးပြုပြီး ရိုက်တယ်ဆိုရင်လဲ camera ကနေမြင်ရသမျှ အကုန်လုံးကို အလိုအလျောက် ယူပါတယ်။
သူတို့ကတော့ အထူးကာကွယ်ထားတယ် မပေါက်ကြားပါဘူးလို့ ပြောပေမယ့် ခင်ဗျားတို့ရဲ့ နိုင်ငံရေးအမြင် အယူအဆ တွေ ၊ ဘာသာရေး အယူအဆတွေ ၊ ခင်ဗျားတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလဲ ယူဆောင်စုဆောင်းပါတယ်တဲ့ ( ဥပမာ ခင်ဗျားက ကျန်းမာရေး app တွေကို Facebook အကောင့်နဲ့ချိတ်ဆက်ဝင်ထားတယ်ဆိုပါတော့ ခင်ဗျားရဲ့ app မှာထည့်သွင်းသမျှ အချက်အလက်တွေ ခြေလှမ်းအရေအတွက်တို့ နှလုံးခုန်နှုန်းတို့ စတာတွေကို ရယူနိုင်တာပဲဖြစ်ပါတယ် )
ဒါ့အပြင် ခင်ဗျားတို့နဲ့ ချိတ်ဆက်နေတဲ့ လူတွေ ၊ အကောင့်တွေ ၊ Hashtags တွေ ၊ Group တွေစတာတွေက်ိုလဲ ယူပါသေးတယ်။ ခင်ဗျားအပါအဝင် ခင်ဗျားနဲ့ Facebook မှာဆက်သွယ်ပြောဆိုနေတဲ့ လူတွေရဲ့ အချိန် , frequency ( ကြိမ်နှုန်း ) လုပ်ဆောင်နေတဲ့ Activities တွေရဲ့ ကြာချိန် ( ဥပမာ - video call ပြောတာ , live လွှင့်တာ ၊ ဖုန်းပြောတာ ၊ မတ်စေ့ချ်ပို့တာ အကုန်လုံးပေါ့ ) အဲ့တာတွေကိုယူပါတယ်၊ မှတ်ပါတယ် ။
ခင်ဗျားက Facebook မှာ ခင်ဗျားရဲ့ စီးပွားရေးအတွက် ads လို့ခေါ်တဲ့ကြော်ငြာတွေလုပ်တယ်ဆို ခင်ဗျား ချိတ်ဆက်ထားတဲ့ Credit card , Debit card အချက်အလက်တွေကိုလဲယူပါတယ်။
အဲ့တာတွေအပြင် ခင်ဗျားက Facebook ကို ဘာ ကွန်ပျုတာ ဘာဖုန်းအမျိုးအစားတွေ ဘာစက်ပစ္စည်းတွေနဲ့ သုံးနေတာလဲ စတာတွေကိုယူပါတယ် ၊ အဲ့လို ယူတဲ့အချိန်မှာ အဲ့ဒီစက်ပစ္စည်းတွေရဲ့ ဘက်ထရီ အခြေအနေ ၊ လိုင်းဆွဲအား ၊ Storage ပမာဏ ၊ Device တွေထဲမှာ ရှိတဲ့ File တွေရဲ့နာမည် အမျိုးအစား ၊ Pluginတွေ ၊ Browser အမျိုးအစား ၊ Hardware နဲ့ Software version၊ ၊ device ရဲ့ operating system တွေကိုလဲ ယူပါတယ် ...

ဒါတွေပဲလားဆိုတော့ မကသေးဘူး ကိုယ့်လူရေ ...
Mouse movement တွေကိုပါယူပါသေးတယ်ဗျာ …(ဟာကြောက်စရာကြီး! )
ဒီနေရာ မှာ တစ်ခုပြောပြချင်တာက အဲ့တာဆိုရင်တော့ PC နဲ့မသုံးဘူး ဖုန်းပဲသုံးတယ်ဆိုလဲ လက်ရွှေ့တဲ့ ရပ်တဲ့နေရာတွေကိုပါ သိရှိနေနိုင်တာပါပဲ ။ အဲ့တာကြောင့်မို့လဲ ခင်ဗျားက အဲ့ဒီပစ္စည်းကို ရှာလဲမရှာဘူး ဘယ်မှာမှလဲမပြောမိဘူးဆိုပါစ်ို့ ...ဒါပေမယ့် ကျနော်တို့ခင်ဗျားတို့ လူ့ စိတ်ဆိုတာ ကိုယ်ကြိုက်တဲ့ပစ္စည်းကို Newfeed မှာတွေ့တယ်ဆို ပွတ်နေတဲ့ လက်ကလေးကိုခဏရပ် post ကို ဝင်ဖတ်ရုံဖတ်မယ်။ ပုံတွေလိုက်ကြည့်မယ်ဆိုရုံနဲ့ကို ဪ ဒီ user ကတော့ ဒီဟာကိုကြည့်နေတာပဲ ဆိုပီး အလိုလိုသိနေပါပီ ။ ဒါဟာ Mouse movement ကြောင့်ပါပဲ ။

ဟုတ်ကဲ့ ခုလောက်ဆို တော်တော်လေးတော့ လန့်နေပီလားတော့မသိဘူး ဒါပေမယ့် ရှိသေးတယ်ဗျ
ခင်ဗျားတို့ အသုံးပြုနေတဲ့ Device တွေ စက်ပစ္စည်းတွေရဲ့ Bluetooth Signal တွေ ၊ ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ Wifi တင် မကသေးဘူး နီးစပ်ရာမှာရှိနေတဲ့ Wifi access point တွေရဲ့ နာမည်တွေ ၊ ကိုယ် Device နဲ့ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းတာဝါတိုင်တွေ ၊ GPS location ၊ စတာတွေအပြင် ကိုယ်အသုံးပြုနေတဲ့ မိုဘိုင်းအော်ပရေတာ ဝိုင်ဖိုင်တွေ အစရှိတဲ့ အင်တာနက်ကို ထောက်ပံ့ပေးတဲ့ ISP လို့ခေါ်တဲ့ Internet Service Provider တွေ ၊ ဘာသာစကား ၊ အချိန်ဇုန်တွေ ၊ ကိုယ့်ရဲ့ ဖုန်းနံပါတ် ၊ IP Address ၊ လိုင်းဆွဲအား စတာတွေအပြင် ကိုယ့်နဲ့ Wifi ဒါမဟုတ် ကိုယ်နဲ့ တာဝါတိုင်အတူတူကိုချိတ်ဆက်ထားတဲ့ Network တစ်ခုထဲမှာရှိနေတဲ့ တခြား Device တွေရဲ့ အချက်အလက် စတာတွေကိုပါ ယူပါတယ်။ ဒါ့အပြင် ကိုယ့်သုံးနေတဲ့ browser တွေရဲ့ Cookies Data တွေကိုပါယူပါတယ် လို့ ပြောထားပါတယ်....
ကိုယ်က GPS တောက်လျှောက်ဖွင့်ပီး Facebook သုံးနေသလား အဲ့တာဆိုရင်တော့ သင်နေထိုင်တဲ့နေရာ ၊ သင်ဘယ်ကိုသွားလဲ စတာတွေကိုသိနိုင်ပါတယ်။
ခင်ဗျားက Facebook က ထုတ်တဲ့ Game သို့မဟုတ် Facebook နှင့်ချိတ်ဆက်ဆက်သွယ်၍ ဆော့ရသော Game တွေကို ဆော့နေတယ်ဆိုရင် Facebook အပါအဝင် Game ကိုဖန်တီး ပြုလုပ်သော Developer တွေက သင်နဲ့ဆော့နေတဲ့ သူငယ်ချင်းတွေ ၊ ရေးရပြောရတဲ့ စကားတွေ Comment တွေ စတဲ့လုပ်ဆောင်ချက်တွေကို သိရှိနေမှာပဲဖြစ်ပါတယ်။ ဒါဟာ Game မှမဟုတ်ပါဘူး တခြား Third Party လို့ခေါ်တဲ့ application တွေနဲ့ Facebook နဲ့ချိတ်ဆက်နေတယ်ဆို အဲ့ဒီ Third Party app တွေက Data တွေကို ရရှိနိုင်နေမှာဖြစ်ပါတယ်။ ( ဥပမာ Joox , Grab , foodpanda , Soundcloud , အစရှိတဲ့ Facebook နဲ့ချိတ်ဆက်ထားတဲ့ app တွေကနေ တည်နေရာ ဖုန်းနံပါတ် ဘယ်တွေသွားတတ်လဲ ဘာတွေကြိုက်တတ်လဲအစရှိသဖြင့်ပေါ့ဗျာ ) ရင်လေးစရာ မဟုတ်လားဗျာ...

ကြောက်စရာအကောင်းဆုံးကတော့ ခင်ဗျားမှာ Facebook အကောင့်မရှိတော့ရင်တောင် အကောင့်ကိုလုံးဝဖျက်လိုက် ရင်တောင် အကောင့်အချက်အလက်တွေက အချိန်အတိုင်းအတာတစ်ခုထိ Facebook Server ဆီမှာရှိနေဦးမှာဖြစ်ပါတယ်။ နောက်ဆုံး Facebook ကုမ္ပဏီကြီးတစ်ခုလုံးပိုင်ရှင် ပြောင်းသွားတယ်ဆိုရင် ခင်ဗျားရဲ့ အချက်အလက်တွေမှန်သမျှ အဲ့ပိုင်ရှင်အသစ်ဆီ အသာအယာပဲ လွှဲပြောင်းပေးအပ်လိုက်မှာဖြစ်ပါတယ်တဲ့ ..... ကဲ ဘာမှမတတ်နိုင်ပါဘူး.....
" If we don’t need to pay for the products , we are the products " ဆိုတဲ့အတိုင်း ကျနော်တို့ဟာ ကိုယ့်အသုံးပြုနေတဲ့ ပစ္စည်း / ရောင်းကုန် တစ်ခုအတွက် အခကြေးငွေ တစ်စုံတစ်ရာမပေးရဘူးဆိုရင် ကိုယ် ကိုယ်တိုင်ဟာ ပစ္စည်း / ရောင်းကုန် တစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့် Facebook မှ မဟုတ်ပါဘူး Free သုံးလို့ရနေတဲ့ Platform မှန်သမျှဟာ အသုံးပြုတဲ့ ကျနော်တို့လို User တွေဆီက ကိုယ်ရေးကိုယ်တာအချက် အလက်တွေ ၊ Data တွေက်ိုရရင်ရသလောက် ယူနေမှာပဲဆိုတာသိထားဖို့လိုပါတယ်။ ဒါပေမယ့် အပြစ်တင်လို့လဲ မရပါဘူး။ Platform တို်င်းမှာ Privacy Policy တွေရှိသလို ကြိုတင်ဖော်ပြထားပီးသားလဲ ဖြစ်ပါတယ်။
သူ့ဆန် စားမှတော့ ရဲရတော့မှာပေါ့...ဒါကြောင့် Platform တစ်ခုကိုသုံးမယ်ဆိုရင် Privacy Policy တွေကိုဖတ်ပြီးတော့ တတ်နိုင်သမျှ ချင့်ချိန်သတိပြုပြီး သုံးနိုင်ကြပါစေလို့ နွေဦးလုံခြုံရေး ဝိုင်းတော်သားတွေက ဒီအကြောင်းအရာကိုမျှဝေရင်းနဲ့ အထူးသတိပေးလိုက်ရပါတယ်။
