Legendary Red Rose
netsiraphopmyanmarမရိုးနိုင်တဲ့ deep rose ရာဇဝင်~

နက်အတွက်ပန်းစျေးကိုကိုယ်တိုင်သွားပြီးပန်းဝယ်တာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမလုပ်ပေးဖူးခဲ့တဲ့အရာပါ…စုစုမွေးနေ့အတွက်ကိတ်မုန့်ဖုတ်ပေးခဲ့သလိုပါပဲ…စုစုကို ပထမဆုံးသောအရာတွေကိုပေးခဲ့တာပါနက်က…ဆိုတော့အဲ့နေ့က ပန်းစျေးကို AR အစ်မနဲ့အတူသွားခဲ့တယ်…စျေးကိုခေါက်တုံခေါက်ပြန်လျှောက်ရင်းသူအတော်ကြာ စဉ်းစားခဲ့ပြီးနောက် ပန်းဝယ်ဖြစ်ခဲ့တယ်…ဘာလို့ စုစုကိုပန်းစည်းပေးရတာလဲတဲ့ဆိုတော့
ပြန်ဖြေတာရိုးရိုးလေးပေမဲ့ အဲ့အဖြေထဲမှာတင်စုစုကသူ့အတွက် အဓိကဦးစားပေးနံပါတ် ၁ ဆိုတာ ပေါ်နေပါပီ….
Net Ig Post
https://www.instagram.com/p/Copsrs8P5i8/?utm_source=ig_web_copy_link&igshid=MzRlODBiNWFlZA==
James Ig Post
https://www.instagram.com/p/CopsG1DPhy7/?utm_source=ig_web_copy_link&igshid=MzRlODBiNWFlZA==
ပန်းစည်းကိုဘယ်နှစ်ပွင့်ဝယ်ခဲ့မိလည်းသူမမှတ်မိဖူး…သူသိတာလက်တပွေ့ဝယ်လိုက်မယ်ဆိုရင် အရမ်းနည်းတယ်ခံစားရလို့ လက်နှစ်ပွေ့စာလောက်အစည်းကြီးဝယ်ခဲ့တယ်…စုစုကတစ်ပွင့်ချင်းရေထားလားမသိ ၉၉ပွင့်တဲ့လေပန်းက…နက်က ပန်းစည်းကိုစည်းတဲ့စာရွက်ကအစ အမည်းပဲသုံးတယ် သူကဖဲကြိုးအမည်းလေးပါစည်းပေးချင်ခဲ့တာ ချည်ပြီးသားဖဲပြားလေးလေအဲတာကိုသူလိုက်ရှာတာကုန်နေတော့ ဖဲကြိုးလိပ်လိုက်ကြီးပဲဝယ်ခဲ့ရတယ်…နောက်လိုအပ်ရင်စည်းဖို့ သိမ်းထားတယ်တဲ့ (စုစုကအမည်းခရေဇီမို့ သူအနာဂတ်မှာပေးဦးမဲ့ များစွာသောလက်ဆောင်တွေမှာလည်း ဖဲကြိုးအမည်းစည်းပေးဖို့) …
နက်ကအစကဒီ deep rose အဓိပ္ပာယ်ကိုမသိခဲ့ပါဖူး ဒီအတိုင်းအခြားနှင်းဆီတွေနဲ့ မတူကွဲပြားတာလေးပေးချင်လို့သူရွေးခဲ့တာ ( နက်အတွက်စုစုက ထူးခြားပြီးကွဲပြားတဲ့သူပါ နက်ဘဝထဲမှာတွေ့ခဲ့သမျှသူတွေထဲ စုစုက အထူးခြားဆုံးဆိုတာသူအမြဲပြောပါတယ်..ဒါကြောင့်သာမန်ရိုးကျနှင်းဆီထက်စာရင် ကွဲထွက်နေတာပေးချင်ခဲ့တာ မနှစ်ကဆိုလည်းတစ်ပွင့်တည်းသောနှင်းဆီနက်ပေးခဲ့တာပဲကြည့်) နောက်မှ သူ deep rose အဓိပ္ပာယ်ကိုသိခဲ့ရတာပါ…စုစုကတော့ ဒီ deep rose အဓိပ္ပာယ်ကိုသိနေခဲ့ပြီးသား…အချစ်စစ် ထာဝရအချစ် ပြင်းထန်တဲ့အချစ် စသဖြင့်ပေါ့ …
စုစုကနက်ကို လုပ်နိုင်လားလို့မေးပါတယ် ( deep rose အဓိပ္ပာယ်အတိုင်းချစ်နိုင်လားပေါ့) နက်က သူလုပ်နိုင်ပါတယ်တဲ့လေ ….တလောကသူတို့စနောက်နေကြတုန်းကတောင်နက်က ပြောခဲ့ပါတယ် ကိုယ်မင်းအတွက်နှင်းဆီခင်းတောင်စိုက်တော့မလို့တဲ့လေ…ပြောတဲ့အတိုင်းပဲသိပ်မကြာခင်မှာ သူကိုယ်တိုင်နှင်းဆီပန်းခင်းကြီးစိုက်ခဲ့လေရဲ့...ပန်းစိုက်တဲ့အတွေ့အကြုံမရှိလို့ ပန်းလေးတွေကသေသွားရတာနှမြောစရာပေမဲ့ သူ့ရဲ့စုစုအပေါ်ထားတဲ့အားစိုက်ထုတ်မှုလေးကိုမြင်နေရပါတယ်...နက်စီရာဖော့အတွက် စုစုဟာအနိူင်းမဲ့မြတ်နိုးရတဲ့ လူသားလေးပါ ….