Left-hand Layup!
Presented by Ani Wizard☆ Studios: Heart & Soul Animation
☆ Source: Original
☆ Genres: Sports
☆ Review by Kaia
Pageကနေ ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အားကစားအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
Basketball, blending sport action, teamwork နဲ့ personal growth တွေကို ဒီ series လေးမှာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ basketball anime တွေထဲက တစ်ခုဖြစ်တဲ့ Kuroko's Basketball anime နဲ့ ခပ်ဆင်ဆင် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါပေမယ့် သူက တရုတ်က ထွက်တဲ့ ကားလေးဖြစ်တဲ့အတွက် တရုတ်အသံနဲ့ပဲဆိုပေမယ့် ကစားကွက်တွေက အရမ်းမိုက်တာမို့ ကြည့်သင့်တဲ့ကားတွေထဲက တစ်ကားလို့လဲ ပြောလို့ရပါတယ်။
Review:
Xu Xingze လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က ရှန်ဟိုင်းကနေ ပေကျင်းအထိ ပြောင်းလာပြီး ထိပ်တန်း basketball အသင်းတစ်ခုကို ဝင်ဖို့အတွက် စိတ်အားထက်သန်နေတဲ့ ဘယ်သန် ဘတ်စကတ်ဘောကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အမ က နာမည်ခပ်ဆင်ဆင် အဆင့်နိမ့်ကျောင်း တစ်ကျောင်း မှာစာရင်းမှားသွင်းပေးမိထားတဲ့အခါ ဇာတ်လမ်းက စတင်လာပါတယ်။
Xu နဲ့ သူ့ရဲ့ ထူးဆန်းတဲ့ မိတ်ဆွေအသစ်တွေနဲ့ ဒေသအတွင်း ထိပ်တန်းကျောင်း ကစားသမားတွေကို သူတို့ရဲ့ skill တွေ နဲ့ဘယ်လိုတွေ ကြိုးစားပြပြီး ယှဉ်ပြိုင်ကြမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။