Lazarus

Lazarus


၂၀၅၂ ခုနှစ်မှာကမ္ဘာတစ်ဝှမ်းလုံးက အရင်ကတခါမှမရဖူးခဲ့တဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ပြည့်စုံပြီး ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဲ့လိုဖြစ်လာရတဲ့အရင်းခံအကြောင်းအရင်းကတော့တစ်ခုတည်းပါပဲ နိုဘယ်ဆုရှင်ဖြစ်တဲ့ ဒေါက်တာ စကင်နာ က ဟာပူနာ ဆိုတဲ့ဘာဘေးထွက်ဆိုးကျိုးမှမရှိတဲ့အပြင် အနာမျိုးရောဂါ ၉၆ ပါးကိုပါပျောက်ကင်းစေတဲ့ဆေးကောင်းကြီးတစ်လက်ကိုဖန်တီးလိုက်နိုင်တာကြောင့်ပါ။ ဟာပူနာ  ကြောင့်ပဲလူသားတွေအနာရောဂါမရှိဘဲတော့ဘဲ စီးပွားရေး ပညာရေးနယ်ပယ်အသီးသီးမှာတဟုန်ထိုးတိုးတက်လာခဲ့ပေမယ့်လည်း ဒေါက်တာ စကင်နာ တစ်ယောက်ကတော့ ဆေးဝါးကိုမိတ်ဆက်ပြီးချက်ချင်းပဲရုတ်ခြည်းဆိုသလို ရေငုပ်သွားခဲ့တော့တာပေါ့။ အဲ့လိုနဲ့သုံးနှစ်အကြာမှာတော့ ဒေါက်တာ စကင်နာ တစ်ယောက်အကြံဆိုးကြီးနဲ့ပြန်ပေါ်လာခဲ့ပြီး သူထုတ်လုပ်ခဲ့တဲ့ ဟာပူနာ ကိုသုံးစွဲထားခဲ့သူမှန်သမျှသုံးနှစ်ကာလအတွင်းမှာတင် သေကြရတော့မှာဆိုပြီးကြေငြာလိုက်တော့တဲ့အချိန်မှာတော့ .....

အစိုးရက စကင်နာ ရဲ့အကြံဆိုးကြီးကိုတားဆီးဖို့ အထူးအေးဂျင့် ၅ ယောက်ပါဝင်တဲ့ လာဇာရပ်စ် အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတော့တယ်။

အဲ့လိုနဲ့ လာဇာရပ်စ် အဖွဲ့သားတွေက စကင်နာ ကို အမိဖမ်းပြီးတော့ ဖြေဆေးကိုဖော်ထုတ်သွားနိုင်ကြမှာလား



Report Page