Kuchisake-Ona’s Story

Kuchisake-Ona’s Story


မင်္ဂလာပါ ကျွန်တော်Reainပါ


ဒီနေ့ မှာ ကျွန်တော် Dark Gathering ကြည့်နေရင်းနဲ့ စိတ်ကူးတစ်ခုပေါက်လာလို့ ပါ 


Dark Gathering ကိုအားလုံးပဲ ကြည့်ဖူးကြမယ်လို့ထင်ပါတယ် မ ကြည့်ဖူးရင်လဲ သွားကြည့်လိုက်ပါ တစ်ကယ်ကောင်းတဲ့ anime ပါ Horror type ဖြစ်ပြီး horror ကြိုက်တဲ့လူတွေ ကြည့်သင့်ပါတယ် မကြည့်ရသေးတဲ့လူတွေကိုလဲ ဇတ်လမ်းအကြောင်းအနည်းငယ်ပြောပြပါမယ်။


Keitarou gentouga လို့ခေါ်တဲ့

ကောလိပ်ကျောင်းသားတစ်ယောက်က သရဲ၊တစ္ဆေတွေကိုအလွန်မုန်းတီးသူပါ

မုန်းနေရတဲ့အကြောင်းအရင်းကလဲ သရဲ၊တစ္ဆေတွေကို ကိုယ်တိုင်မြင်နေရလို့ပဲဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကသူ့သူငယ်ချင်းနဲ့အတူတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ် အဲ့ဒီအဖြစ်အပျက်ကနေ ညာဘက်လက်မှာဒဏ်ရာတစ်ခုရခဲ့ပြီး အဲ့ဒဏ်ရာ ကသရဲ၊တစ္ဆေတွေကိုဆွဲဆောင်နိုင်တဲ့အမှတ်အသားဖြစ်လာခဲ့ပါတယ်။


အဲ့အမှတ်အသားကြောင့်ပဲ သူရဲ့သူငယ်ချင်းတစ်ယောက်ကိုဆုံးရှူံးလိုက်ရတာကြောင့် Keitarou ဟာ trauma ရခဲ့ပြီးဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ပဲ အိမ်တွင်းအောင်းနေခဲ့ပါတယ်


မကြာခင်မှာပဲ Keitarou ဟာ သူ့ငယ်သူငယ်ချင်း Eikoရဲ့အကူအညီကြောင့် ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်ကျောင်းပြီးပြီးချငိးမှာပဲကျူရှင်ဆရာအလုပ်ရရှိ့ခဲ့ပြီး တိုက်ဆိုင်စွာနဲ့ပဲ သူကျူရှင်သင်ပြရမဲ့သူ့ရဲ့တပည့်လေးဟာသူရဲ့သူငယ််ချငိးဖြစ်တဲ့ Eikoရဲ့ ညီမဝမ်းခွဲလေးပဲဖြစ်ပါတယ်။


ကလေးဆန်တဲ့သူ့တပည့်လေး yayoiကတော့ သူ့ဆရာနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး သရဲ၊တစ္ဆေတွေကိုကြုံတွေ့ချင်နေတဲ့ ကလေးမှတစ်ယောက်ပဲဖြစ်ပါတယ် သူမမိခင်ရဲ့အသက်ကိုနှုတ်ယူသွားတဲ့သရဲကိုရှာဖွေနိုင်ဖို့အတွက် Keitarou ကိုအကူအညီတောင်းခံခဲ့ပါတယ်။


Keitarou တစ်ယောက်သူ့တပည့်

ကြောင့်သရဲခြောက်တဲ့နေရာတွေကိုသွားပြီးဘယ်လိုခြောက်ခြားစရာတွေကြုံရမလဲ? ဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ်ဇတ်လမ်းအကြောင်းပြောပြတာ နည်းနည်းရှည်သွားတာကြောင့် အဓိက အကြောင်းအရာကိုပြောပါမယ်။


Dark gathering ကိုကြည့်ရင်း Japan ရဲ့ horror story ကို Contact လုပ်ဖို့ ideas ရသွားခဲ့တာပါ 

ကဲဆိုတော့ စလိုက်ရအောင်


ဒီနေ့ ကျွန်တော်ပြောပြမှာက တော့ ဂျပန်မှာမသိသူမရှိ့လောက်အောင်နမည်ကြီးတဲ့ the slit mouthed Woman လို့ခေါ်ကြပြီး Kuchisake-onna အကြောင်းပဲဖြစ်ပါတယ်သူကဂျပန်မှာဘယ်လောက်နမည်ကြီးလဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဖဲဝါလို့ပြောလိုက်ရင်လူတိုင်းသိကြသလို သူကိုလဲဂျပန်မှာမသိသူမရှိ့လောက်အောင်ကို နမည်ကြီးပါတယ်။


သူက လူ့ဘဝမှာတုန်းကတော်တော်သနားစရာကောင်းပါတယ် တော်တော်လေးကိုနှိပ်ဆက်ခံခဲ့ရတာပါ တော်တော်လေးတောင်မဟုတ်ပဲ ပတ်ပတ်ဆက်ဆက်ကိုနှိပ်ဆက်ခံရတာပါကတ်ကြေးတွေနဲ့ သူမရဲ့ပါးစပ်တွေကိုဆွဲဖြဲခံခဲ့ရပြီး သေသွားခဲ့တာဖြစ်ပြီး အဲ့လိုနဲ့ စိတ်နာကြီးပြီး အခုလိုအကျွတ်မလွတ်ဖြစ်နေခဲ့တာပါ။


သူမခြောက်တဲ့ပုံစံကတော့ရိုးရှင်းပါတယ် တစ်ညလမ်းတစ်လမ်းမှာတွေ့ရတက်ပြီး သူမက ငါလှလားလို့ အသံနက်ကြီးနဲ့မေးတက်တာပါ onaကို တစ်ခြား jujutsu Keisan တို့ Constantine တို့လို series တွေမှာလဲတွေ့ဖူးကြမယ်ထင်ပါတယ်။


သူမကိုလှတယ်လို့ပြောတဲ့အခါမျိုးကို သူမရဲ့သရုပ်မှန်ကိုပြပြီး သူမရဲ့ ဆွဲဖြဲခံထားရတဲ့ ပါးစပ်ကြီးနဲ့ ရီပြတာပါ အခြောက်ခံ ရတဲ့လူက တုန်လှုပ်သွားတာပဲဖြစ်ဖြစ် ကြောက်သလိုဖြစ်သွားတာပဲဖြစ်ဖြစ် သတ်ခံရပါတယ် အလှဘူးလို့ချက်ချင်းပြောရင်တော့ပြောစရာတောင်လိုမယ်မထင်ပါဘူး။


အခြောက်ခံရတာကနေ လွတ်ချင်ရင်တော့အရုပ်ဆောင်ကောင်းကောင်းနဲ့ မျက်နှာသေကြီးလိုနေမှရမှာပါ အဲ့တာကြောင့်ဘယ်အချိန်အခြောက်ခံရမှန်းမသိနိုင်တာကြောင့် အရုပ်ဆောင်လေ့ကျင့်ထားဖို့အကြံပေးချင်ပါတယ် ဒါကတော့ onaရဲ့ဇတ်လမ်းကြောင်းပဲဖြစ်ပါတယ်။


အဆုံးထိဖတ်ရှုပေးတဲ့ bro/sis တို့ကိုကျေးဇူးတင်ပါတယ် ကျွန်တော်ပြောသွားတဲ့အထဲအမှားပါသွားခဲ့ရင်တောင်းပန်ပါတယ်ဗျ ဒီPostနဲ့ပတ်သတ်ပြီးComment မှာလာရောက်ဆွေးနွေးနိုင်ပါတယ် နောက်ပြီး ဒီContactလေးတွေကို react တစ်ယောက်တစ်ချက်စီနိမ့်ပေးခြင်းအားဖြင့် ကျွန်တော့်ကိုအားပေးလို့ရပါတယ် ဒီ react လေးတွေက ကျွန်တော့်အတွက် ပိတိဖြစ်စေလို့ပါ။


#Reain

#Contact


Report Page