Kingdom Season 6

Kingdom Season 6

PAM

Seaso 6 အထိတောင်ရောက်နေပြီဆိုတော့ Review ကတော့ မလိုလောက်တော့ဘူးထင်ပါတယ်

အခုမှစကြည့်မယ့်သူတွေကတော့ အောက်က Review လေးဖတ်ပြီး Season - 1 ကိုသွားကြည့်ဖို့ အကြံပေးချင်ပါတယ်


Review -ဒီ Anime လေးကတော့ အထူးတလယ် ညွှန်းနေစရာ မလိုဘူးထင်ပါတယ်။


အော်သစ်သာကြားလို့ တရုတ် ပြည်ကို ဇာတ်အိမ်ပြုထားတဲ့ ဒီ ဒီ Anime လေးမှာတော့ တစ်နေ့မှာ ရှင်းနဲ့ ဖျော တို့နှစ်ယောက်တောထဲမှာ ထင်းခွေထွက်ပြီးအပြန် လမ်းတစ်ကွေ့ကိုရောက်တဲ့အချိန် မှာ မြေကြီးတေတုန်ပီး အော်ညစ်သံ တေကြားလို့ တောင်ပေါ်က ပြေးကြည့်လိုက်တဲ့ အခါ Zhao နိုင်ငံ နဲ့ Qin နိုင်ငံတေ အပြန်အလှန် စစ်ချီနေတာကို တွေ့လိုက်ရပါတယ် ။ ဒီလိုနဲ့ ရှင်းနဲ့ဖျောတို့နှစ်ယောက် လဲ အစေခံ ဘဝ ကနေလွှတ်မြှောက်ပြီး စစ်သူကြီးဖြစ် အောင်ကြိုးစားဖို့ ဓားရေးကို နှစ်ယောက်အတူတူ လေ့ကျင့်ကြပါတော့တယ် ။ တစ်နေ့ မှာ ရှင်းနဲ့ ဖျော နှစ်ယောက် ဓားရေးလေ့ကျင့်နေတာကို Qin နိုင်ငံက အမတ် တစ် ယောက်က တွေ့ပီး ဖျောကို သဘောကျသွားပါတော့တယ် ။ ဒီလိုနဲ့ ညရောက်တဲ့ အချိန်မှာ အမတ်ကြီးက ရှင်းနဲ့ဖျောကို မွေးစားထားတဲ့ အိမ်ကိုလာပြီး ဖျောရဲ့ လွတ်လပ်မှုကို ငွေပေးဝယ်ကာ နန်းတွင်းကို ခေါ်သွားပါတော့တယ် ။ နန်းတွင်းမှာလဲ ဘုရင်နဲ့ သူရဲ့ ညီတော်တို့ နန်းလုမှုတေနဲ့ ပုန်ကန်မှုတေဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ တစ်လကျော်လောက်ကြာပြီး တဲ့အချိန် ညတစ်ည မှာ ရှင်း နေတဲ့ နေရာကို ဖျောတစ် ယောက် ဓားတန်းလန်း နဲ့ သေခါနီး ဆဲဆဲ အချိန် ပြန်ရောက်လာတာ ကို ရှင်း တစ် ယောက်တွေ့လိုက်ရတဲ့ အခါမှာတော့....


ဒီ Anime လေးက ဇတ်လမ်း ဇာတ်ကွက်အပြင် ဘယ်နေရာမှာမှ ပြောစရာမရှိအောင် ကောင်းလွန်းတာကြောင့် ကျတော်တို့ Page ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျ

Report Page