Kingdom

Kingdom

Presented by Ani Wizard

☆ Studios: Studio Pierrot

☆ Source: Manga

☆ Genres: Action, Historical

☆ Review


တရုတ်ပြည်ရဲ့ သမိုင်းကြောင်းဖြစ်တဲ့ (စစ်ပြိုင်ခေတ်) ကို အခြေခံထားပြီး ၇ပြည်ထောင်ခေတ် နှစ်ပေါင်း ၅၀၀ ကျော် စစ်မီးတောက်နေတဲ့ အချိန်ကို နောက်ခံထားပြီး ဖန်တီးထားတဲ့ Kingdomကို လူငယ်လေးနှစ်ဦးရဲ့ ပုံရိပ်နဲ့ အစပျိုးထားပါတယ်။


Xin နဲ့ Piao တို့ဟာ ချင်မင်းဆက်မှာ စစ်ဘေးဒဏ်သင့်မိဘမဲ့ကလေးနှစ်ယောက်ပါ။ တစ်နေ့ Piaoကို ဝန်ကြီးတစ်ဦးက နန်းတော်ကို ခေါ်မသွားခင်အထိ သူတို့နှစ်ယောက်ဟာ စစ်မြေပြင်မှာ မိမိကိုယ်ကို သက်သေထူပြီး ကြီးမြတ်တဲ့စစ်သူကြီးတွေ ဖြစ်လာဖို့ အိပ်မက်ကိုယ်စီရှိခဲ့ကြပါတယ်။ နောက်တော့ Piaoဟာ ဒဏ်ရာအပြင်းအထန်ရပြီး ရွာဆီကို ပြန်လာခဲ့ပါတယ်။ အသက်မဆုံးခင် မှာခဲ့တဲ့ Piaoရဲ့စကားကို လက်ခံပြီး ထွက်လာခဲ့တဲ့ Xinက ရွာတစ်ရွာမှာ အံ့ဩစရာကောင်းလောက်အောင် Piaoနဲ့ ရုပ်ချင်းတူတဲ့-- တစ်ချိန်မှာ ဧကရာဇ်တစ်ပါး ဖြစ်လာမယ့် ထူးခြားတဲ့လူငယ်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီးနိုင်ငံရေး လှည့်ကွက်‌တွေနဲ့ စစ်ရေးဗျူဟာမျိုးစုံကြားက သူ့ရဲ့ကြီးမားတဲ့ကံကြမ္မာ စတင်ခဲ့ပါတော့တယ်။


စစ်ရေးစစ်ရာနဲ့ပဲဆိုင်တဲ့ ဇာတ်လမ်းပေမဲ့ အပိုင်းတစ်ပိုင်းချင်းစီတိုင်းကို ကြည့်လို့မပျင်းစေရဘဲ စစ်တိုက်တဲ့အခါ မြေပြင်အနေအထားကို အသုံးချပုံ၊ ရန်သူဗျူဟာမှူးတွေရဲ့ ဦးနှောက်ချင်း စစ်ခင်းပုံ၊ သာမန်စစ်သားတွေရဲ့ ခံစားချက် ဘဝနဲ့ ဇွဲ့လုံ့လအပြည့်ကြိုးစားပုံ၊ စိတ်အားတက်ကြွစေတဲ့ ကြွေးကြော်သံတွေ၊ ဥပဒေ ဆိုတဲ့စကားလုံးကို အနက်အဓိပ္ပါယ်ဖွင့်တဲ့အခန်း၊ အလယ်ပိုင်းလွင်ပြင်ကို စည်းစိမ်ကြွယ်ဝမှုနဲ့ စုစည်းအောင်လုပ်မယ့် ဝန်ကြီး နဲ့ စစ်တိုက်ပြီး စုစည်းမယ့် ဘုရင်ငယ် Ying Zheng တို့ကြား ဘယ်သူမှန်လဲ စကားနိုင်လုတဲ့ဇာတ်ကွက်တွေ အသီးသီးကို အနုစိတ်ကျကျ ရင်တမမနဲ့ စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရှုနိုင်မယ့်အပြင် ယောက်ျားရင့်မာကြီးတွေရဲ့ သွေးသစ္စာ၊ ရည်မှန်းချက်အတွက် အသက်ပေးဆပ်မှု၊ နိုင်ငံရေး လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့

စစ်မှန်တဲ့ Epic Anime seriesကြီး ဖြစ်ပါတယ်။


ကျွန်တော်တို့ Ani Wizard ကနေ ဒီanimeကို အကောင်းဆုံးဘာသာပြန်ပြီး quality ကောင်းကောင်းနဲတင်ပေးသွားမှာဖြစ်လို့

ကိုယ့်လူတို့က Ani Wizard ရဲ့ Telegram Channelတွေကို ဝင်ထားပေးကြပါခင်ဗျာ။

Report Page