Kill Ao / Kill Blue

Kill Ao / Kill Blue

Presented by Ani Wizard

☆ Studios: Cue

☆ Source: Manga

☆ Genres: Action, Comedy

☆ Review


ဒီဇာတ်လမ်းလေးကတော့ Action တွေရော ကျောင်းသားဘဝရဲ့ ဟာသလေးတွေပါ ရောနှောထားတဲ့ ပုံစံမျိုးလေးပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Juuzou Oogami ဆိုတာ ဘယ်လိုမစ်ရှင်မျိုးပဲဖြစ်ဖြစ် လုံးဝအမှားအယွင်းမရှိ လုပ်ဆောင်နိုင်တဲ့ နာမည်ကြီး လူသတ်သမားတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ အင်အားကြီးဂိုဏ်းတစ်ခုကို ရှင်းလင်းအပြီးမှာ ထူးဆန်းတဲ့ ပျားတစ်ကောင် အတုတ်ခံလိုက်ရပြီး သတိလစ်သွားပါရော။ ပြန်နိုးလာတဲ့အချိန်မှာတော့ အသက် ၃၉ နှစ်အရွယ် ကြောက်မခန်းလိလိ လူသတ်သမားကြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့တယ်။


ဘာတွေဖြစ်ကုန်မှန်းတောင် သေသေချာချာ မစဉ်းစားနိုင်သေးခင်မှာပဲ သူ့ဘော့စ်ဆီကနေ "အဲဒီခန္ဓာကိုယ်နဲ့ အလယ်တန်းကျောင်းတစ်ကျောင်းကို စုံစမ်းထောက်လှမ်းရမယ်" ဆိုတဲ့ အမိန့်အသစ်တစ်ခု ရောက်လာပါတယ်။ သူ့ကိုစောင့်ကြိုနေတာကတော့ မျိုးစုံလှတဲ့ အတန်းဖော်တွေ,ဆယ်ကျော်သက်တွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ကိစ္စတွေနဲ့ အန္တရာယ်တွေ ပြည့်နှက်နေတဲ့ မျှော်လင့်မထားတဲ့ ကျောင်းသားဘဝပါပဲ။ Juuzou တစ်ယောက် သူ့ရဲ့မူလခန္ဓာကိုယ်ကို ပြန်ရနိုင်ပါ့မလား။ ဒါမှမဟုတ် သူ့ကိုလိုက်သတ်မယ့် တခြားလူသတ်သမားတွေကြောင့်ပဲ သူ့ရဲ့ဒုတိယဘဝလေး မစခင်မှာပဲ ဇာတ်သိမ်းသွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။

Report Page