Keep Calm And Do the Steps

Keep Calm And Do the Steps

နွေဦးလုံခြုံရေး


သင့်အိမ်ရှေ့သို့ ရောက်မလာခင် လုပ်သင့်တဲ့အချက် (၆)ချက်

ဒစ်ဂျစ်တယ် လုံခြုံရေးကို ..... မိမိကစ ကာကွယ်ပါ ..... 

ဒစ်ဂျစ်တယ် … အသိ ..... ဒစ်ဂျစ်တယ်.... သတိ .. 

သင့်အိမ်ရှေ့ကို အဓမ္မလူတွေ ရောက်လာခဲ့ရင် သင်ဘာလုပ်မလဲ ဆိုတာလေးကိုမေးရင်းနဲ့ စချင်ပါတယ်ဗျို့…

အိမ်မှာပဲနေနေ...တော်လှန်းရေးပဲလုပ်လုပ်..ကီးဘုတ်သူရဲကောင်းတွေပဲဖြစ်ဖြစ် တော်လှန်ရေးမှာ ကိုယ်တတ်စွမ်းရာ တစ်နည်းတစ်ဖုန် ပါဝင်နေရတဲ့တိုက်ပွဲမို့ အားလုံးရဲ့ Risk များပါတယ်...

ဒေတာဝေးဝေး..ဒို့လုံခြုံရေးလို့ဆိုရမလို ထိရှလွယ်တဲ့ ဒေတာကိုတွေ ကိုယ်နဲ့ဝေးဝေးမှာထားဖို့လိုသလို...အချိန်တန်လို့ တော်လှန်ရေး အလုပ်ကိုလုပ်ရပြီဆိုလဲ လုပ်နိုင်ဖို့လိုပါတယ်ဗျို့


အရေးပေါ်အခြေအနေတွင် သင်လုပ်ဆောင်သင့်သည့် နည်းလမ်းများ.....

1. Code Word

  • ကိုယ့်ရဲ့ အဖွဲ့ ဒါမှမဟုတ် ကိုယ်ဝင်ထားတဲ့ Group တွေကို တနည်းနည်းနဲ့ ကိုယ်အခြေအနေမကောင်းဘူးဆိုတာကို ရအောင် အသိပေးပါ။  ကိုယ့်ရဲ့ ဘော်ဒါတစ်ယောက်ယောက် အခြေအနေမကောင်းတော့ဘူးလို့ လှမ်းသတိပေးနိုင်အောင် အားလုံးဘုံသတ်မှတ်ပြီး နားလည်းတဲ့ စကားလုံးတွေဖန်တီးထားပါ။ 
  • အဲ့တာမှ ကိုယ့်ကို Group တွေထဲကနေလည်း အချိန်မီထုတ်လို့ရနိုင်မှာဖြစ်သလို အရေးကြီး ပြောထားတဲ့ စကားတွေကိုလည်း ဖျက်ပစ်လိုက်နိုင်မှာ ပါ။ 

2. Account Log out


  • အကောင့်တွေ အားလုံးကို Logout လုပ်ပြီး တစ်ခါတည်း Remove Account ပါ လုပ်ပစ်ပါ။ 
  • Browser ကနေ သုံးနေတာဆိုရင် Clear Cache နဲ့ History တွေကိုပါ တစ်ခါတည်း ရှင်းပစ်ပါ။
  • ဖုန်းထဲကနေဆိုရင် အကောင့်တွေကို logout လုပ်ပြီး လိုအပ်ရင် application တွေကိုပါ uninstall လုပ်ပါ။
  • Messenger ၊ Telegram ၊ Signal တွေက အရေးကြီးစကားတွေ ပြောထားနိုင်လို့ လက်စဖျောက်နိုင်အောင် ကြိုးစားပါ။ အမြဲတမ်း သုံးပြီးတာနဲ့ Sign out လုပ်ပြီး History ရှင်းတဲ့ အကျင့်ကို နဂိုကတည်းက ရှိနေရင် ပိုကောင်းပါတယ်။ 

3. Delete Call Log


  • Call Log တွေကို ဖျက်ပစ်ပါ၊ Contact တွေကို အရေးကြီးတယ်ဆိုရင် ဖျက်ပစ်ပါ။


4. Break Sim Card

  • Sim card ကို ဖြုတ်ပြီး ချိုးပစ်ပါ။ အဲ့တာမှ ကိုယ့် Sim card နဲ့ ဖွင့်ထားရတဲ့ အကောင့်တွေကို ပြန်ဝင်လို့ မရနိုင်မှာပါ။ 


 5. Reset Devices

  • ဖုန်းကို Factory Reset ချပစ်ပါ။ အခုကတည်းက Setting ထဲက ဘယ်နားမှာ Reset လုပ်လို့ရလဲ ကြိုကြည့်ထားပါ။ Reset ချမယ်ဆိုရင်တော့ ခန့်မှန်းချေ ၁၀ မိနစ် - ၂၀ မိနစ်လောက်အထိ ကြာနိုင်ပါတယ်။


  6.  Throw Away

  • လိုအပ်တယ်ဆိုရင် ဖုန်းကို ဖျက်ဆီးပစ်လိုက်ပါ။ ကိုယ်နဲ့ အဝေးကို ပစ်လိုက်တာမျိုး ၊ ရေထဲကို ပစ်လိုက်တာမျိုး အပြင် တူနဲ့ထုချလိုက်တာမျိုး လုပ်မှ အထဲက ဒေတာတွေကို လုံးဝ ပြန်မရနိုင်မှာပါ။


ညတွေမှာစိတ်ချလုံခြုံစွာ အိပ်ပျော်နိုင်ဖို့နဲ့....ဘယ်ချိန် Device တွေရှာရှာ ခေါင်းမော့ပြီးပေးနိုင်ဖို့ဆိုရင်

ရောင်းရင်းတို့အနေနဲ့ အရေးပေါ်အခြေအနေမှာ ဖြစ်လာမယ့် အခြေအနေကိုတွေးဆလို့ ကြိုတင်ပြင်ဆင်မှုတွေ  အချိန်ရတုန်း လုပ်ကိုလုပ်ထားသင့်ပါတယ်။


ဒေတာဘူးလတ် (Bullet) ကြောင့် လူတိုင်းမထိခိုက်ရပါစေနှင့်။



Report Page