လူငယ်များနဲ့ကျောက်ကပ်ကျန်းမားရေး
N 𝕏 D E
အစာလဲဆေး ဆေးလဲအစာ ဆိုတာကို ကြားဖူးကြလား??
အလုပ်မအားတာ ၊ ချက်စားရမှာပျင်းတာ၊ အရသာရှိတာတွေကြောင့် အသင့်စားအစားအစာတွေကို ကလေးလူကြီးမရွှေး ပုံမှန်ထက်စားသုံးလာတဲ့အပြင်၊ အသားစိမ်းငါးစီမ်းတွေ၊ မကျက်တကျက်အသားတွေ၊ ခေါက်ဆွဲခြောက်တွေ၊ အမြဲလိုလို စားပီးတဲ့နောက် ကျောက်ကပ်ရောဂါ ပိုအဖြစ်များလာတာကို တွေ့ရပါတယ်၊ ကျောင်းမုန့်ဈေးတန်းက မကောင်းမကန်းတွေ၊ Energy Drink လိုမျိုး အချိုဓါတ်များတဲ့ အသင့်သောက် ဖျော်ရည်တွေ၊ ဆိုးဆေးတွေကြောင့် ယခုအခါ ကလေးတွေပါ ကျောက်ကပ်ရောဂါခံစားလာရပါတယ်!
ဆိုတော့ကျောက်ကပ် ဆိုတာဘာလဲ?
စားသမျှ ဗိုက်(အစာအိမ်)ထဲရောက်တာကို ကျောက်ကပ်က ဘာထဖြစ်ရတာလဲ??

ကျောက်ကပ် (Kidney) က သွေးထဲကအညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး ဆီးအဖြစ်ထုတ်ပေးတဲ့ body’s natural filter လေးပါ။ အခြားကိုယ်တွင်းအင်္ဂါများထက် ကျောက်ကပ်ထဲ သွေးစီးဆင်းနှုန်းက ပိုမြင့်မားပါတယ်။ တစ်ယောက်မှာ ကျောက်ကပ် ၂ လုံးရှိတတ်ပြီး၊ ကိုယ့်ခန္ဓာရဲ့ရေညှိနှိုင်းမှု၊ သွေးပေါင်၊ ဗီတာမင် D တို့အတွက်လည်း အရေးကြီးဆုံးပါပဲ။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က ခန္ဓာကိုယ်ထဲမှာ လိုတာထက် ပိုမရှိသင့်တဲ့ အဆိပ်ဓါတ်တွေကို ဖယ်ရှားပေးတာပါ၊
🔹️ပုံမှန်ထက် ပိုပီး ဖောလာရင်
🔹️ဆီးအရောင်က ပုံမှန်ထက် ပိုပီး အရောင်ညှို့နေရင်
🔹️ဆီးသွားတဲ့အခါ ပုံမှန်ထပ်အမြှုပ်ပိုထနေတယ်ဆိုရင် ကျောက်ကပ်မှာ a little လေး problem ဖြစ်နေပီဆိုတာပါဘဲ
မြန်မာပြည်မှာ အဖြစ်များတဲ့ ကျောက်ကပ်ရောဂါ နှစ်ခုရှိပါတယ်!
🪨 Kidney Stone (ကျောက်ကပ်ကျောက်တည်ခြင်း)

Kidney Stone ဆိုတာ ကျောက်ကပ်ထဲမှာ mineral နဲ့ ဆားဓာတ်များများကြောင့် ပေါင်းထွက်လာတဲ့ ကျောက်လေးတွေ ဖြစ်ပါတယ်။
အများကြီးရေမသောက်ခြင်း၊ ငန်အစာများများစားခြင်းတို့က ဖြစ်လာစေနိုင်တယ်။ အလှအပအတွက် Vitamin များ လိုတာထက်ပိုပီး သောက်သုံးမိရင်လဲ ကျောက်ကပ်ကျောက်တည်နိုင်ခြေများပါတယ် 😬
လက္ခဏာများ:
🔹️ခါးဘက်စိမ်းစိမ်းနဲ့အောင်နာခြင်း
🔹️ဆီးသွားရာတွက် အခက်အခဲရှိခြင်း
🔹️ဆီးထဲမှာ သွေးပါလာခြင်း
🔹️အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်နိုင်ပါတယ်၊
အဆိုပါ လက္ခဏာများ ဖြစ်လာပါက
🔹️ဆရာဝန်နဲ့ ပြသပါ
🔹️ရေများများသောက်ပါ (အနည်းဆုံးတစ်နေ့ ၈-၁၀ခွက် ~ 3-4 liters) 💦
🔹️ငန်သောအစားအစာနဲ့ processed food များ စားခြင်းကို ရပ်ထားပါ
တွေ့ရှိချက်များအရ နံနက်စာမစားပါက ကျောက်ကပ် ကျောက်တည်ရောဂါ ဖြစ်နှုန်းဟာ ရိုးရိုးသာမန်လူထက် ငါးဆမျှ ပို၍မြင့်မားနိုင်ပါတယ်။
💔 Kidney Failure ဆိုတာကဘာလဲ?

Kidney failure ဆိုတာက ကျောက်ကပ်တွေက မလုပ်နိုင်တော့တဲ့အခြေအနေ ဖြစ်ပါတယ်။
အဲ့အချိန်မှာ ဆီးထုတ်ဖို့တောင် မဖြစ်နိုင်တော့ဘဲ၊ ခန္ဓာထဲမှာ အညစ်အကြေးတွေပိတ်မိနေတတ်တယ်။ 😢
အဓိကဖြစ်ရခြင်းများ:
🔹️ဆီးချိုရောဂါ (diabetes)
🔹️သွေးပေါင်မြင့် (high BP)
🔹️ကြာရှည်အာဆီပျောက်ဆေးသောက်ခြင်း
🔹️ကျောက်ကပ်ကျောက်ကို သေချာကုသမထားခြင်း
🔹️Auto Immune Disease တွေကြောင့် ကျောက်ကပ်ထိခြင်းတို့ ဖြစ်နိုင်ပါတယ်
ကုသမှုတွေကတော့:
🔹️Dialysis (ကျောက်ကပ်ဆေးခြင်း) 🌀
🔹️Kidney transplant (အသစ်တစ်လုံးလဲပေးရခြင်း) 🏥
🛡️ ဘယ်လိုကာကွယ်မလဲ?
🔹️သွေးတိုးနဲ့ ဆီးချိုကို အမြဲ စစ်ပေးရပါမယ်
🔹️ရေဓါတ်လုံလောက်အောင် သောက်ပေးရပါမယ်
🔹️Healthy food တိုင်းက ကျောက်ကပ်အတွက် အဆင်မပြေတာမျိုးတွေ ရှိနိုင်တဲ့အတွက် လေ့လာပီး စားသုံးရပါမယ်
🔹️အခြေခံ Exercise များ လုပ်ပေးရပါမယ်
🔹️အငန်နဲ့ processed food ရှောင်ကြဥ်ရပါမယ်
🔹️နှစ်စဉ်ကျောက်ကပ်စစ်ဆေးခြင်း (အထူးသဖြင့် သွေးပေါင် မြင့်သူတွေ၊ ဆီးချို ရှိသူတွေ ဂရုတစိုက် စစ်ပေးရပါမယ်)
🔹️SLE (အရေးပြား လေးဘက်နာ) ကဲ့သို့ Auto Immune Disease ရှိတဲ့ သူတွေအနေနဲ့လဲ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို ပုံမှန်သောက်ပေးရပါမယ်!
Adminက ကျောက်ကပ်ကျောက်တည်ဖူးပါတယ်၊ Covid ကာလမှာ အလှုပ်အရှား မရှိတာ၊ Online Class တွေ တက်တာ၊ ရေသောက်အားနည်းတာတွေကြောင့် ဖြစ်တာပါ၊ ကျောက်ဆင်းတဲ့ အချိန်ကျမှ အရမ်းနာလာလို့ Untrasound ရိုက်ရင်း သိခဲ့ရတာပါ၊ ဆရာဝန်ကတော့ Admin က ဖြစ်ခါစမို့ ကျောက်သိပ်မရှိတာရယ်၊ ရှိတဲ့ ကျောက်ကလဲ သေးသေးလေးနဲ့ ကျနေပီပြောပေမဲ့ ကျွန်တော်က မြန်မြန်ပျောက်ချင်တော့ ဆရာဝန်က အခုပြထားတဲ့ FAME ကထွက်တဲ့ Urocrush ကို ညွှန်းပါတယ်၊ Admin ဒါနဲ့ ကျောက်တည်တာ သက်သာခဲ့တာပါ၊

ခေတ်ကာလ အစားအသောက်တွေက အရသာကို ဦးစားပေးတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးအတွက် ဂရုစိုက်ဖို့လိုအပ်ပါတယ်၊ ကျောက်ကပ်ကို take care လုပ်ပေးရင် သူကလည်း ကိုယ့်ကို ကောင်းကောင်းနေစေမှာပါ၊ လှည့်လည်ထွက်တဲ့ “ကျောက်ကပ်ကျောက်” လေးတွေနဲ့ “kidney failure” မကျရအောင် ကြိုတင်ကာကွယ်ကြမို့အတွက် တင်ပေးလိုက်ပါတယ်၊
ချစ်သောအားဖြင့်
မင်းတို့ရဲ့ အကိတ်မင်မင် 👨🎓

အခြား ကျန်းမာရေးဗဟုသုတContentsများကို အခုလင့်ခ်ကနေတဆင့် ဖတ်လို့ရပါတယ်
Follow me, Retweet and like to support for more contents...😉
© 2025. All rights reserved to N 𝕏 D E の Studio.