Safe Sex ဆိုတာဘာလဲ??

Safe Sex ဆိုတာဘာလဲ??

N 𝕏 D E

Back to main page

Safe sex ဆိုတာကို လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ( အိတ်ချ်အိုင်ဗီ , အေအိုင်ဒီအက်စ် , ကာလသားရောဂါ , ဆစ်ဖလစ် , ဂနို , အသည်းရောင်အသားဝါ ) စတဲ့ရောဂါတွေကိုကာကွယ် နိုင်မယ့်နည်းလမ်းနဲ့ လိင်ဆက်ဆံတာကို ဆိုလိုပါတယ်၊


မိမိကိုယ်တိုင် နဲ့ မိမိရဲ့ဆက်ဆံဖော် ( Dateတဲ့သူ) ကြားမှာ ပွင့်ပွင့်လင်းလင်းတိုင်ပင်တာ ( အရင်က ဖြစ်ခဲ့တဲ့ လိင်ဆက်ဆံမှု့တွေ ၊ အရင်က လိင်ဆက်ဆံမှု့ကနေကူးစက်တတ်တဲ့ ရောဂါဖြစ်ဖူး မဖြစ်ဖူး ) စတဲ့ အခြေအနေတွေကို အရင်​မေးကြည့်သင့်ပါတယ်

အဓိက ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့ ဆက်ဆံတဲ့အခါ ကွန်ဒုံး သုံးစွဲခြင်းပါပဲ၊ လူအတော်အများက Condom (ကွန်ဒုံး၊ အကာအကွယ်) ကို ကိုယ်ဝန်မရအောင် ကာကွယ်ပေးတယ်ပဲ ထင်နေကြပါတယ်။ ကွန်ဒုံးက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာမှန်ပေမယ့် တခြားသော ကူးစက်ရောဂါတွေ မဖြစ်ရန်အတွက်လည်း Condom ကို အသုံးပြုသင့်ပါတယ်။ ဘယ်လိုရောဂါတွေ ကာကွယ်ပေးလဲဆိုတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (STDs) တွေကို ကာကွယ်ပေးပါတယ်။

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ သူ့ရဲ့ နာမည်အတိုင်းပဲ လိင်ဆက်ဆံမိရာမှတစ်ဆင့် ကူးစက်တတ်တာမျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုရောဂါတွေလဲဆိုရင်

• အားလုံးသိကြတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်တဲ့ AIDS

• ဆီးပူညောင်းကျ ဂနိုရောဂါ (Gonorrhea)

• ကာလသားရောဂါ (Syphilis)

• ရေယုန် (Herpes)

• လိင်အင်္ဂါကြွက်နို့ရောဂါ (Warts)

• အသည်းရောင်အသည်းဝါရောဂါ (Hepatitis B,C)

• တစ်ခါတလေ အချို့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါကိုလည်း ဖြစ်စေတတ်ပါတယ်။


ဘယ်လိုကူးစက်တာလဲ?

အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ အများဆုံးကူးစက်တတ်ပါတယ်။ လိင်ကွဲဖြစ်စေ၊ လိင်တူဖြစ်စေ ဆက်ဆံမိတဲ့အခါ ဆက်ဆံသူတစ်ဦးဦးမှာ ရောဂါရှိနေရင် ထိုသူရဲ့သွေး၊ သုက်ရည်၊ အရည်ကြည်တွေကနေ တစ်ဆင့် ထိုထဲမှာပါလာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်တွေကနေ ကူးစက်လာတာ ဖြစ်ပါတယ်။

• ပုံမှန်လိင်ဆက်ဆံမိရာအပြင် ပါးစပ်၊ စအိုတို့နှင့် ဆက်ဆံရင်လည်း ကူးစက်တတ်ပါတယ်။

• ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်က ကူးစက်မိရင်လည်း သူ့ရဲ့သန္ဓေသားကိုပါ ကူးစက်တတ်ပါတယ်။


ဘယ်လိုလက္ခဏာတွေ ခံစားရလဲ?

ရောဂါအလိုက် ကွဲပြားနိုင်ပေမယ့် ယေဘုယျ အဖြစ်များတာတွေကတော့

• လိင်အင်္ဂါနားတစ်ဝိုက်မှာ အဖုတွေ ပေါက်လာတာ

• ပါးစပ်၊ စအိုနားမှာ အဖုတွေ ပေါက်တာ

• လိင်အင်္ဂါမှတဆင့် အရည်တွေ၊ အကျိအချွဲတွေ ထွက်တာ

• မိန်းမကိုယ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သွေးတွေ စီးကျတာ

• ဆီးသွားရင် နာကျင်တာ

• ပေါင်ခြံနားတစ်ဝိုက် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်တာ

• ဗိုက်အောင့်ဗိုက်နာတာ၊ အဖျားတက်တာတွေ ခံစားရနိုင်ပါတယ်။


မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ?

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း ရောဂါမဖြစ်အောင် ကာကွယ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံးနည်းတစ်ခုကတော့ Condom (ကွန်ဒုံး၊ အကာအကွယ်) အသုံးပြုခြင်းပါပဲ။ သူက လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေအပြင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရခြင်းကိုပါ ကာကွယ်ပေးပါတယ်။ အမျိုးအစားကောင်းတဲ့ဟာဆိုရင် ၉၉ ရာခိုင်နှုန်းအထိ စိတ်ချရနိုင်ပါတယ်။


အကာအကွယ်ကို နည်းမှန်လမ်းမှန် ဘယ်လိုအသုံးပြုရမလဲ?

• လိင်ဆက်ဆံမယ်ဆိုတိုင်း ကွန်ဒုံးအသစ်ကို အမြဲအသုံးပြုပါ။

• ကွန်ဒုံးအခွံမှာပါတဲ့ ရက်စွဲက ရက်လွန်နေလား စစ်ဆေးပါ။

• အခွံကို ဖောက်တဲ့အခါမှာလည်း အချွန်အထက်နဲ့ဖောက်ရင် အထဲမှာ ပေါက်ပြဲနိုင်စေတာမမို့ို့လို့ သေချာဂရုစိုက်ပြီးဖောက်ပါ။

• အတူနေတိုင်းမှာ အစမှအဆုံးထိ အသုံးပြုပေးပါ။

• ဆက်ဆံပြီးသွားရင်လည်း ပေါက်ပြဲမှုရှိ/ မရှိ အမြဲစစ်ဆေးပေးပါ။

ဆက်ဆံခါနီးမှာလည်း ဆက်ဆံမယ့်အဖော်မှာ ရောဂါရှိ/ မရှိ စစ်ဆေးတာမျိုးလုပ်သင့်ပြီး ကြိုတင်ရှောင်ရန်၊ ဆောင်ရန်တွေ လုပ်ထားဖို့လိုပါတယ်။

ဒါ့အပြင် ဆေးထိုးဆေးသွင်းတဲ့အခါမျိုး၊ ဆေးမင်ကြောင်ထိုးတဲ့အခါမျိုးမှာလည်း တစ်ခါသုံးအပ်၊ တစ်ခါသုံးဆေးရည်တို့ကိုသာ အသုံးပြုသင့်ပါတယ်။ တကယ်လို့ အကာအကွယ်မပါဘဲ အတူနေမိသွားတဲ့အခါမှာဆိုရင်လည်း နီးစပ်ရာဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အရေးပေါ် ကာကွယ်ဆေး/ ပိုးသတ်ဆေး ထိုးခြင်း၊ သောက်ခြင်းများ၊ သွေးစစ်ဆီးစစ်ခြင်းများ ပြုလုပ်သင့်ပါတယ်။

ယခုအခါမှာ ခေတ်မီဆေးဝါးတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေလည်း ပေါ်လာပြီ ဖြစ်လို့ ကူးစက်မိခဲ့ရင်တောင် ဆရာဝန်နှင့် ပုံမှန်ပြသ၊ ဆေးကို ပုံမှန်သောက်သုံးပြီး လူတန်းစေ့ နေထိုင်လို့ ရနေပြီပဲ ဖြစ်ပါတယ်။


ကျွန်​တော် ဒီအ​ကြောင်းကို တင်ရတဲ့ရည်ရွယ်ချက်က Channel ထဲက ညီ​လေး​တွေ အတွက်ပါ၊ ​

ခေတ်ကာလက လွယ်လွယ်ကူကူနဲ့လဲ Date ရတယ်၊ တချို့ကလဲ အညွန့်ကိုမှ ချိုးချင်ကြတဲ့သူ​တွေ ရှိတယ်​လေ၊ G9, G10, G11 ​လေး​တွေက လူပျို​ပေါက် ​စောင်းကြွတဲ့ အရွယ်ဆို​တော့ တကယ်လို့ Sex ကို ကြုံခဲ့ရရင်​တောင် Safe Sex ဖြစ်ဖို့နဲ့ ဖြစ်လာမဲ့ အကျိုးဆက်​တွေကို လက်ခံနိုင်​အောင်ပါ၊ ညီ​လေး​တွေတင်မဟုတ်ဘဲ Channel ထဲက လူတိုင်းအားလုံး Safe Sex နဲ့ ပတ်သတ်ပီး ပိုသိရ​အောင်လို့ တင်​ပေးလိုက်ပါတယ်ဗျ၊

ချစ်​သောအားဖြင့်

မင်းတို့ရဲ့ အကိတ်မင်မင်👨‍🎓


အခြား ကျန်းမာ​ရေးဗဟုသုတnContentsများကို အခုလင့်ခ်​က​နေတဆင့် ဖတ်လို့ရပါတယ်

Follow me, Retweet and like to support for more contents...😉

© 2025. All rights reserved to N 𝕏 D E の Studio.

Report Page