အခု​တော်​တော်များများ ​ပြော​နေကြတဲ့ ထိပ်ဖြတ်တယ်ဆိုတာဘာလဲ??

အခု​တော်​တော်များများ ​ပြော​နေကြတဲ့ ထိပ်ဖြတ်တယ်ဆိုတာဘာလဲ??

N 𝕏 D E

Back to main page

Circumcision တနည်း လိင်တံအ​ရေပြားဖျတ်ခြင်း (ထိပ်ဖျတ်ခြင်း) ဆိုသည်မှာ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို ခေါ်ပါတယ်၊ ဘာသာ​ရေး​ကြောင့် လုပ်ကြတာ ရှိသလို၊ ​နောက်​ပိုင်း ကျန်းမာ​ရေးလိုက်စားတဲ့ မိသားစုများကလဲ ​သန့်ရှင်း​ရေး​ကြောင့်သော်လည်း​ကောင်း၊ စွမ်း​ဆောင်ရည်​ကြောင့်​သော်လည်​ကောင်း ဖြတ်ကြတာ ရှိပါတယ်


တချို့ ထိပ်မဖြတ်ထားတဲ့ အမျိုးသားတွေ အ​ရေပြား​နောက်လှန်ဆွဲလို့ မရတဲ့ အခါမှာ ​အောက်က ဆိုးကျိုး​တွေ ဖြစ်နိုင်ပါတယ်

၁။ လိင်တံထိပ်ရောင်ရမ်းခြင်း

ဒီအခြေအနေမျိုးမှာ ထိပ်အရေပြားကျပ်တာ၊ ဆီးသွားစဉ် နာကျင်တာ၊ အရေပြားအောက်မှာ အဖြူရောင် အညစ်အကြေးဖတ်တွေ၊ အကျိအချွဲတွေ တွေ့ရနိုင်ပါတယ်။

၂။ လိင်တံထိပ်နှင့် အရေပြားရောင်ရမ်းခြင်း

လိင်တံထိပ်ရော ထိပ်မှာ ဖုံးနေတဲ့အရေပြားကပါ ရောင်ရမ်းနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီပြဿနာရှိသူတွေမှာ ထိပ်အရေပြား နောက်လှန်ဆွဲဖို့ ခက်ခဲတာအပြင် မှိုစွဲရောဂါ၊ လိင်ဆက်ဆံစဉ် ပွန်းပဲ့ထိခိုက်မိတာ၊ အမာရွတ်ကျန်ခဲ့တာတွေပါ ဖြစ်နိုင်ပါတယ်။

၃။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STIs)

လိင်အင်္ဂါရေယုန် ၊ ဂနို ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ ကာလသားရောဂါ (Syphilis) အစရှိတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့် လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတာတွေလည်း ဖြစ်နိုင်ပါတယ်။

၄။ အရေပြားပြဿနာတချို

အရေပြားနှင်းခူ ၊ အရေပြားရောင်ရမ်းပြီး အနီကွက်ထတဲ့ ရောဂါ ၊ လိင်အင်္ဂါနဲ့ စအိုပတ်လည်မှာ အဖြူရောင်အကွက်တွေ ဖြစ်တာ (Lichen Sclerosus) ၊ မာပြီးခြောက်နေတဲ့ အကွက်တွေ ဖြစ်စေတဲ့ ဆိုရီရေးစစ် အရေပြားရောဂါ တွေကြောင့်လည်း လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတဲ့ လက္ခဏာ တွေ့ရနိုင်ပါတယ်။


ထိပ်ဖြတ်ရင်​ကော ဘာကောင်းကျိုးတွေ ရရှိနိုင်မလဲ??

၁။ အမျိုးသားတွေ လိင်တံကို သန့်ရှင်းတဲ့နေရာမှာ ပိုလွယ်ကူသွားပါတယ်။

အရေပြားငုံနေတဲ့အချိန်မှာ အရေပြားအောက်မှာ အဖြူရောင်အဖတ်၊ အညစ်အကြေးတွေ ကပ်နေတတ်ပြီး အမြဲဆေးကြောသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒီအရေပြားကို ဖယ်ရှားလိုက်တာကြောင့် အမျိုးသားတွေမှာ သန့်ရှင်းရေးလုပ်ရ ပိုလွယ်ကူသွားတယ်။ အနံ့အသက် မပြင်းထန်တော့ပါဘူး။

၂။ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

အမျိုးသားတွေမှာ ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်တတ်ပါတယ်။ အထူးသဖြင့် လိင်တံထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ကျောက်ကပ်မှာ ရောဂါဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်နိုင်ပါတယ်။

၃။ လိင်ကတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးတယ်။

လိင်တံထိပ်အရေပြား ဖြတ်ထားတဲ့သူတွေမှာလည်း ရောဂါကူးစက်နိုင်ပေမယ့် မဖြတ်ထားသူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အလွန်နည်းတာကို တွေ့ရပါတယ်။ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ HIV ၊ ကာလသားရောဂါ၊ ရေယုန်၊ အရေပြားမှိုရောဂါ၊ ဆီးပူညောင်းကျရောဂါ တို့ ပါဝင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။

၄။ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့မရတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်တယ်။

တချို့အမျိုးသားတွေရဲ့ လိင်တံထိပ်အရေပြားဟာ ရှည်လွန်းတာကြောင့် နောက်ကလှန်ဆွဲရခက်ပါတယ်။ ဒီအခါမှာ သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ ဒီပြဿနာရှိနေသူတွေအနေနဲ့ လိင်တံထိပ်အရေပြားကို ဖြတ်ထားသင့်ပါတယ်။

၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

အဖြစ်နည်းတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့အပြင် ထိပ်အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါ့အပြင် လိင်တံထိပ်အရေပြားဖြတ်ပြီးသား အမျိုးသားတွေရဲ့ လိင်ဆက်ဆံဖော်အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၆။ လိင်ဆက်ဆံရာမှာ ပိုမိုစွမ်း​​ဆောင်လာနိုင်မယ်၊

ထိပ်အ​ရေပြား ဖုံး​နေတာမျိုးမရှိ​​တော့လို ​​ပွတ်တိုင်မှုများရာက​နေ ဆက်ဆံအချိန်မှာ သုတ်လွတ်မမြန်​အောင် တ​ဖြေး​ဖြေး ထိန်းလာနိုင်ပါမယ်


ဒါဆို ထိပ်ဖြတ်ကိုဖြတ်ရမှာလား??

​တကိုယ်ရည် သန့်ရှင်း​ရေး ​ကောင်းသူ​တွေ၊ အ​ရေပြား​လှန်လို့ရတဲ့သူ​တွေ (ဒစ်ပြုတ်တဲ့သူ​​တွေ) က​တော့ ​သေချာဆေး​ကြော​နိုင်တဲ့အတွက် ထိပ်ဖြတ်စရာမလိုပါဘူး။ ထိပ်ဖြတ်တာက အခန့်မသင့်ရက် လိင်အင်္ဂါပုံစံ ပျက်နိုင်ပါတယ်!

အရေပြား ဖြတ်ထားသူ များက​တော့ ရေယုန်အပြင် တခြားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ပိုပြီး ကာကွယ်ပေးနိုင်တယ်။ အရေပြား မရှိတော့တဲ့အတွက် ပွန်းပဲ့ထိခိုက်တာတွေလည်း မဖြစ်စေနိုင်ပါဘူး။ လူပျိုဝင်ချိန်မှာ ဖျတ်ထားရင် ​သွေးလည်းပတ်မှုပိုပြီး စီးဆင်းနိုင်​သော​ကြောင့် အရွယ်အစားပိုပြီဩဖွံ့ဖြိုးနိုင်ခြင်း၊ တ​ရေကိုယ် အာသာ​ဖြေရာမှာ Sensitive ဖစ်တဲ့ အ​ရေပြားကို ထိန်းလာနိုင်​သော​ကြောင့် ဆက်ဆံတဲ့ ​နေရာမှာ ဆရာတဆူဖစ်လာနိုင်ပါတယ်!

အ​ရေပြားကို ဘယ်လိုဖြတ်တာလဲ??

မြန်မာနိုင်ငံမှာ​တော့ ထိပ်ကို ၂မျိုး ဖြတ်ကြပါတယ်

၁။ခွဲစိတ်ပီး ဖြတ်ခြင်း၊

Minor (အ​သေးစား)ခွဲစိတ်မှုဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ပီး ​ဆောင်ရန် ​ရှောင်ရန်​တွေ ​ဂရုစိုက်ရမယ်၊ ဆရာဝန်ရဲ့ ကျွမ်းကျင်မှု​ပေါ်မူတည်ပီး ပုံထွက်​ကောင်းတယ်၊

၂။Stapler (စက်ဖြင့်)ဖြတ်ခြင်း

ဒါက​တော့ ​တရုတ်ဘက်က​နေ Develope လုပ်တာက​နေ တွင်ကျယ်လာတဲ့ နည်းတစ်ခုပါ၊ ကို့လိင်တံ အရွယ်အစားအတိုင်း တစ်ခါသုံး စက်နဲ့ဖြတ်တာမို့ အချိန်ကုန်သက်သာပီ မြန်ဆန်​စေပါတယ်၊ ဖြတ်ပီးရင်လဲ လိင်တံပုံစံမလှတာ အဖတ်ကြီး​တွေ အ​ရေပြားပို​တွေ မလှမပ ကျန်ခဲ့တာမျိုးမဖြစ်တဲ့အတွက် ​အ​နောက်နိုင်ငံ​တွေမှာပါ သုံး​နေကြပါပီ

Admin Thoughts: ချိနပွန်​​တွေ ကြည့်​နေကျသူ​တွေဆို သတိထားမိလား တရုတ်​ကောင်​တွေက ပဲမြစ်မဟုတ်​တော့တာကို?? ၊ အထက်တန်း​ရောက်ရင် လိင်အင်္ဂါ စစ်​ဆေး​ရေး စာ​မေးပွဲ​ဆိုတာ ရှိတယ် Drama ​တွေမှာပါတက်တယ်၊ ဆရာဝန်​တွေက​နေ စစ်​ဆေးပီး ထိပ်ဖြတ်သင့်ရင်လဲ ဖြတ်​ပေးတယ်၊ လူပျို​ဘဝမှာ လိင်တံကြီးထွားတဲ့ ​နေရာမှာ အဓိက ဖြစ်တဲ့ Magnesium ကို လိုအပ်ရင် Supplement အ​နေနဲ့ ​ပေးတဲ့အတွက် သိသိသာသာ လီးပိုကြီးလာကြတယ် ထင်တာဘဲ! Its Just My Thoughts ပါ မှန်၊မမှန်​တော့ ​သေချာမသိပါဘူးဗျ၊


အရေပြား ဖြတ်ခြင်းဟာ ဘာသာရေး၊ လူမျိုးရေးဝါဒနဲ့ သက်ဆိုင်မှုမရှိပဲ အမျိုးသားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါ​ပေမဲ့ လူတိုင်းဖျတ်ရမယ်ဆိုပီး​တော့ မရှိပါဘူး၊ မိမိကျန်းမား​ရေးအ​ခြေအ​နေ​ပေါ်လိုက်ပြီး ဖြတ်သင့်၊ မဖြတ်သင့် ဆုံးဖြတ်နိုင်​အောင် တင်​ပေးလိုက်ပါတယ်၊

ချစ်​သောအားဖြင့်

မင်းတို့ရဲ့ အကိတ်မင်မင်👨‍🎓


အခြား ကျန်းမာ​ရေးဗဟုသုတ Contentsများကို အခုလင့်ခ်​က​နေတဆင့် ဖတ်လို့ရပါတယ်

Follow me, Retweet and like to support for more contents...😉

© 2025. All rights reserved to N 𝕏 D E の Studio.

Report Page