Dating apps တွေရဲ့ အန္တရာယ်!!
N 𝕏 D E
ဒီနေ့ခေတ်မှာ ဖုန်းကိုယ်စီသုံးလာတာနဲ့အမျှ Date လုပ်တာတွေ အရမ်းခေတ်စားလာတယ်။ အရမ်းလည်း ပေါလာ၊လွယ်လာကြတယ်။ ဘာ Date လဲဆိုတော့သိကြတယ်မလား။ Sex Date တွေပေါ့။ Facebook/ IG / Telegram / 𝕏 (Twitter) လူငယ်တွေက နေရာစုံကနေ လူပေါင်းစုံနဲ့ Date လုပ်ကြတယ်။

အဆိုးဆုံးကတော့ Blued နဲ့ Telegram ပဲ။ အဲ နှစ်ခုလုံးက လွယ်လွယ်ကူကူသုံးနိုင်တာ၊ လူသုံးများကြတာကြောင့် Sex Date အလွယ်တကူလုပ်ချင်တဲ့ လူတွေအားလုံးက ဒီ App ကိုသုံးကြတယ်။ အခုနောက်ပိုင်းမှာတော့ မသမာတဲ့သူတွေကပါ ဒီလို App တွေကိုသုံးပီး အသက်အန္တာရာယ် ထိခိုက်အောင်ပါ လုပ်လာကြတယ်!!

ဖြစ်သွားတဲ့ Case ကိုတော့ အားလုံးသိပြီးကြပီထင်ပါတယ်၊ မကောင်းတဲ့သူဆိုတာ ရုပ်ရည်ပေါ်မှာလဲမမူတည်သလို၊ အသက်အရွယ်ပေါ်မှာလဲ မမူတည်ပါဘူး၊ ဘယ်အရာမဆိုအလွယ်တကူရနေတော့ အသုံးစွဲလွန် ဆေးကြောင်ကြောင်ပီး ရူးရူးမိုက်မိုက် အကုန်လုပ်တော့တာဘဲ!
ဒါ့အပြင်
• Date မယ်ဆိုပီး မလာတော့တာ (သက်သက်နှောင့်ယှက်တာ)
• ပုံကတမျိုး လူကတမျိုး ဖြစ်နေတာ
• ဟိုတယ်ရောက်မှ ဓါးထောက်လုတာ
• ဟိုတယ်ရောက်မှ ပစ္စည်းတွေ ခိုးပီး ထွက်ပြေးသွားတာ ဒါမျိုးတွေလဲ အမျိူးမျိုး ကြားနေရပါတယ်!!
ပြီး Dating apps ကနေ အသက်အန္တာရယ်ကို ခြိမ်းခြောက်နေတာကတော့ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေပါဘဲ!

လူတစ်ယောက်မှာ HIV ပိုး ရှိ /မရှိ ဆိုတာ မျက်လုံးနဲ့ ကြည့်ရုံနဲ့လုံးဝမသိနိုင်ဘူး။ Body မိုက်တာမမိုက်တာ ရုပ်ဖြောင့်တာမဖြောင့်တာ ယောကျာ်း၊ မိန်းမ ဘယ်သူ့မှာမဆို HIV ရှိနိုင်တယ်။ HIV positive နဲ့ negative ကို သွေးစစ်ကြည့်တာကလွဲရင်ဘာနဲ့မှမခွဲနိုင်ဘူး။
အခုခေတ်မှာ ART လို့ခေါ်တဲ့ HIV ထိန်းဆေးတွေကို အဖွဲ့အစည်းတွေကနေတဆင့် အခမဲ့ စစ်ဆေး သုံးစွဲလို့ရခဲ့ပေမဲ့လဲ လတ်တလော ထုတ်ပြန်ချက်အရ အရင်လို အလွယ်တကူ ထုတ်လို့ မရတော့ပါဘူး!

အဲတာကြောင့်မို့ Dating App တွေသုံးရင်ချောချောလှလှလေးတွေမြင်တိုင်း ဇွတ်ငမ်းမနေနဲ့။
တချို့ ကောင်တွေ ရှိတယ်၊ ကိုယ် HIV ဖြစ်နေတာနဲ့ သူများကိုပါကူးစေချင်လို့ ဒီရောဂါကိုလိုက်ဖြန့်နေတဲ့ စိတ်ဓာတ်မကောင်းတဲ့လူတွေ၊ ကိုယ့်မှာ ဒါရှိမှန်းသိသိကြီးနဲ့ Condom မသုံးတဲ့လူတွေ ရှိကိုရှိတယ်။
ရုပ်ရည်လေးနဲ့မလိုက်အောင် ကြေးစားလုပ်စားပြီး Condom မသုံးဘဲ ရောဂါဖြန့်နေတဲ့ အချောအသန့်တွေလည်း အများကြီးရှိတယ်။

နောက်ထပ်တစ်ခု မထင်ရတာရှိသေးတယ်⚠️⚠️
ဘာလဲဆိုတော့ Sex Date လုပ်ကြတဲ့အခါ
ကိုယ့်မှာ HIV ရှိရှိကြီးနဲ့ ကျွန်တော်ကတော့ Prep သောက်တယ်။ အဲတာကြောင့်မို့ ပလိန်းပဲ လုပ်မယ်။ ကာကွယ်ဆေးသောက်ထားတာမို့ ကျွန်တော့်ကို စိတ်ချပါဆိုတဲ့လှည့်ဖျားတတ်တဲ့ ကလိမ်ကကျစ်တွေပေါ့။
ပီး Condom သုံးရင် ီးမတောင်လို့မသုံးချင်ဘူး၊ အလွှာခြားတာမျိုးမိကြိုက်ဘူး ပြောတဲ့သူတွေ၊ ခေတ်ကာလအရ ရေရှည်လက်တွဲတော့မဲ့သူတွေတောင် သွေးစစ်တာတို့ Medical Checkup တို့ လုပ်သင့်ပါတယ်!

အခြား ကျန်းမာရေးဗဟုသုတ Contentsများကို အခုလင့်ခ်ကနေတဆင့် ဖတ်လို့ရပါတယ်
Follow me, Retweet and like to support for more contents...😉
© 2025. All rights reserved to N 𝕏 D E の Studio.