Karaoke Iko!

Karaoke Iko!

Pirate Anime Myanmar

Review - သီချင်းဆိုရတာကို ဘဝကြီးလို့မှတ်ထားတဲ့ Satomi Oka ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ကတော့ ကျောင်းမပြီးခင်နောက်ဆုံး သီချင်းဆိုပြိုင်ပွဲအတွက် အားစိုက်ကာ လေ့ကျင့်လျက်ရှိပါတယ်။ သူ့ဘဝရဲ့အရေးအပါဆုံး အခိုက်အတန့်တစ်ခုအတွက် နေ့စဥ်လေ့ကျင့်နေပါတယ်။

Kyouji Narita ဆိုတဲ့လူကတော့ ယာကူဇာဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ မထင်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် Kyouji တစ်ယောက်အခက်ကြုံရပါတော့တယ်။ တခြားမဟုတ်ပါဘူး သူ့ရဲ့boss က သီချင်းဆို ကာရာအိုကေပြိုင်ပွဲတစ်ခု ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ရှုံးတဲ့ကောင်ကတော့ boss ကိုယ်တိုင်ထိုးပေးမဲ့ တက်တူးကို ဆိုးရွားနာကျင်စွာအထိုးခံရမှာပါ။ ကံမကောင်းစွာနဲ့ Kyouji လည်း သီချင်းဆိုမကောင်းတဲ့ကောင် ဖြစ်နေပါတော့တယ်။

တစ်နေ့မှာတော့ Satomi ကိုအမှောင်ထဲကနေ လူတစ်ယောက်ထွက်လာပြီး သီချင်းဆိုသင်ပြပေးဖို့ ကမ်းလှမ်းလာပါတော့တယ်... ကျောင်းသားလေးတစ်ယောက် ယာကူဇာလူမိုက်ကြီးကို ကာရာအိုကေသီချင်းဆိုသင်ပေးဖို့ ဖြစ်လာတဲအခါမှာတော့...


Report Page