Joint Security Area (2000)

Joint Security Area (2000)

By Ariel

IMDb – 7.7/10, MyDramaList - 8.3


 မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို လူသိများကြတဲ့ မင်းသမီး Lee Young Ae တိုပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။


 ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ 


နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။


 များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး

အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ ..

အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား

ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။



Report Page