Jinbe

Jinbe


Oda ရဲ့ မူလ ဒီဇိုင်းအရ Jinbe ဆိုတာ East Blue မှာ Nami ရဲ့ ဘဝကို ငရဲဖြစ်အောင် လုပ်ခဲ့တဲ့ Arlong ရဲ့ နောက်ကွယ်က တကယ့် ကြိုးကိုင်သူ mastermind ကြီး ဖြစ်ခဲ့တာပါ။


ဇာတ်လမ်းအစပိုင်း East Blue Arc မှာ Yosaku က Jinbe အကြောင်း စမိတ်ဆက်ပေးခဲ့စဉ်တုန်းက Jinbe ဟာ Arlong ကို East Blue ဆီ စေလွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေနေတဲ့ Shichibukai ကြီး တစ်ယောက်အဖြစ် ပုံဖော်ဖို့ Oda က စီစဉ်ခဲ့တာဖြစ်ပါတယ်။ Oda ရဲ့ ခေါင်းထဲမှာ Jinbe ဆိုတာ အရိပ်မည်းကြီးထဲကနေ ပြုံးဖြီးပြီး Arlong ကို ကြိုးကိုင်နေမယ့် ရက်စက်တဲ့ ဗီလိန်ကြီးအဖြစ် ဆွဲဖို့ စိတ်ကူးခဲ့တာပါ။ ဒါပေမဲ့ ဇာတ်လမ်း တဖြည်းဖြည်း နက်ရှိုင်းလာပြီး Fishman Island ရဲ့ သမိုင်းကြောင်း၊ Fisher Tiger ရဲ့ တော်လှန်ရေးနဲ့ လူသားတွေနဲ့ ငါးလူသားတွေကြားက ခွဲခြားဆက်ဆံမှု ပဋိပက္ခတွေကို ပိုလေးနက်အောင် ဖန်တီးချင်လာတဲ့အခါမှာတော့ Oda တစ်ယောက် Jinbe ရဲ့ Character ကိုလုံးဝ ပြောင်းပစ်လိုက်ပါတယ် ")


Oda သာ မူလ စိတ်ကူးအတိုင်း ဆက်သွားခဲ့ရင် Arlong Park မှာ Luffy နဲ့ Jinbe တို့ ထိပ်တိုက်တွေ့ပြီး အသေအလဲ တိုက်ခိုက်ကြရမှာပါ။ ဒါပေမဲ့ Oda က Jinbe ကို အရိပ်မည်းထဲက ဗီလိန်အဖြစ် မထားတော့ဘဲ Fisher Tiger ဆုံးပါးသွားပြီးနောက် အစွန်းရောက်သွားတဲ့ ညီအစ်ကိုလို Arlong ကို မထိန်းချုပ်နိုင်ခဲ့ဘဲ လွှတ်ပေးခဲ့မိတဲ့အတွက် နောင်တအကြီးအကျယ် ရနေတဲ့ သဘောထားကြီးလှတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပုံဖော်လိုက်ပါတယ်။ 


အဲဒီလို Character development ပြောင်းလဲလိုက်တာကြောင့်ပဲ Fishman Island မှာ လူသားနဲ့ ငါးလူသားကြား သွေးလှူဒါန်းခွင့်မရှိတဲ့ တားမြစ်ချက်ကို ရဲရဲဝံ့ဝံ့ ချိုးဖျက်ပြီး Luffy ကို သွေးလှူခဲ့တဲ့ ရင်ထဲထိစရာ Scene မျိုးကို fan တွေ မြင်တွေ့ခဲ့ရတာပါ။ ဒါတင်မကသေးဘဲ Whole Cake Island မှာ Big Mom ရဲ့ ရှေ့မှာတောင် နောင်တစ်ချိန် ပင်လယ်ဓားပြဘုရင် ဖြစ်လာမယ့်သူရဲ့ အဖွဲ့ဝင် ဖြစ်ရတာ ဘာကိုမှ ကြောက်စရာမလိုဘူးဆိုပြီး ရဲရဲဝံ့ဝံ့ ပြောထွက်ခဲ့တဲ့ Straw Hat Pirates ရဲ့ အားကိုးရဆုံး Helmsman ကြီး ဖြစ်လာခဲ့တာပါ။ အစက ရေးဆွဲခဲ့တဲ့ ဗီလိန် ဒီဇိုင်းကို စွန့်လွှတ်ပြီး သဘောထားကြီးတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်တာက One Piece သမိုင်းမှာ Oda ရဲ့ အပြတ်သားဆုံးနဲ့ အမှန်ကန်ဆုံး ဖန်တီးမှုတွေထဲက တစ်ခုလို့ ပြောရင် လုံးဝ မမှားပါဘူး။

Report Page