Internet Shutdown
ဒစ်ဂျစ်တယ်နဂ္ဂတစ်များ
ဖြစ်ပုံက ဒီလို မောင်ကောင်းတစ်ယာက်မယ်...လပ်တော့အစုတ်လေးကို မြို့ထဲသွားပြင်တော့ အိ်မ်ရှေ့ထွက် ကားငှားမနေတော့ပဲ အရင်လို လွယ်လွယ်ကူကူ Grab လေးပဲ ခေါ်လိုက်မယ်ပေါ့ ....တော်တော်နဲ့ခေါ်မရတော့ လိ်ုင်းမကောင်းလို့လားဆိုတော့လဲ WiFi အပြည့်နဲ့ မိနေတာပါပဲ ကားက ဘယ်လိုမှမရလာဘူး လူက ဒေါသကထွက်လာရော .. အဲ့ဒါနဲ့ပဲလမ်းထိပ်ထွက် ကားငှားပြီးမြို့ထဲကိုထွက်ခဲ့လိုက်တော့တယ် ဆိုင်ရောက်တော့ လက်တော့ပ်လေးပြပြီး ပြန်မယ်ပေါ့ ....ရန်ကုန်နေကပူပူ ရောက်နေတဲ့ဆိုင်က ကားထွက်ငှားမရနဲ့ Grab ငှားပြီး Air-con လေးနဲ့ ပြန်မယ်ဟဲ့ဆိုပြီး Grab ပြန်ငှားတာပေါ့ဗျာ ...မရဘူးဗျ ဘယ့်နှယ့် အဲ့လောက်တောင် ခက်ခဲနေရသလဲဟဲ့ဆိုပြီး တွေးမိမှ ဘယ်ဟုတ်မလဲဗျ ....... ဟို အင်တာနက် အကြမ်းဖက်အုပ်စုက အင်တာနက်ဖြတ်ထားတာဗျ။
အဲ့ဒီတော့မှပဲ တွေးမိလေ စိတ်တိုလေပဲ ... WiFi ရတဲ့ နေရာတွေမှာမသိသာဘူးဆိုပေမယ့် Grab တို့ Foodpanda တ်ို့လို မိုဘ်ိုင်းအင်တာနက်နဲ့ အော်ဒါကောက်ရတဲ့ လူတွေခမျာ တစ်နေ့လုံးဘယ်အဆင်ပြေတော့မလဲဗျ ။ ဒီ မိုဘ်ိုင်းအင်တာနက်နဲ့ စီးပွားရေးလုပ်နေကြတဲ့လူတွေအတွက် တစ်နေ့တာမှ ဘယ်လောက်နစ်နာလိုက်မလဲ နောက်ပြီး ဒီမိုဘ်ိုင်းအင်တာနက်နဲ့ပဲ အွန်လိုင်းသုံးကြတဲ့ လူတွေကော သတင်းအချက်အလက်တွေ မရတာမျိုး ၊ အင်တာနက်ပေါ်ကနေ အရေးတကြီး ဆက်သွယ်စရာတွေ မလုပ်နိုင်တာတွေမျိုးတွေ ဖြစ်ကုန်တာပေါ့ဗျ....
ဒီမှာဟေ့လူ တစ်ရက်ထဲနဲ့ အဲ့လောက်အဖြစ်မသည်းနဲ့လို့ ခင်ဗျားပြောချင်နေလား ..... ဒီ တစ်ရက်ဆိုတာမှာ ကျနော်တို့ အားလုံးရပိုင်ခွင့်ရှိတဲ့ အင်တာနက်အခွင့်အရေးတွေ ချိူးဖောက်ခံလိုက်ရတာဗျ ။ ဒီ အင်တာနက်မရတဲ့ တစ်ရက်မှာပဲ သိန်းပေါင်းများစွာနစ်နာသွားတဲ့ စီးပွားရေးသမားတွေရှိရင်ရှိမယ် ။ ဒီတစ်ရက်မှာ သတင်းအမှောင်ချခံရတဲ့နေရာတွေလဲရှိမယ် ....တွေးရင်း ဒေါသထွက်လေ စိတ်ကုန်လေပါပဲဗျာ .... ဒီလို တစ်ရက်တာ အင်တာနက်ဖြတ်ခံရတာနဲ့တင် လောကကြီးက အမှောင်ကျသွားတာ ..နှစ်နဲ့ချီ အင်တာနက်ဖြတ်ခံရတဲ့ ဒေသတွေရဲ့ ဖွံဖြိုးတိုးတတ်မှု ဘယ်လောက်တောင်နောက်ကျနေမလဲဆိုတာ တွေးသာကြည့်လိုက်ကြတော့လေဗျာ ....
နောက်ဆုံးတော့လဲ ကားငှားလို့ရတဲ့နေရာထိ နာရီဝက်လောက် လမ်းလျှောက် လက်ပြပြီး ကားတား လို့ မောမောပန်းပန်းနဲ့ အိမ်ပြန်ရောက်လာရတာပဲဗျာ ....
ဖေ့ဘုတ် ပေါ်မှာ သတင်းအမှားထုတ်လွှင့်ဖို့ ပဲသိတဲ့ အင်တာနက် အကြမ်းဖက် အုပ်စုကြီးကတော့ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အင်တာကို ဖြတ်ပေမယ့်....တကယ့် အင်တာနက်ကို အကျိုးရှိရှိအသုံးချနေတဲ့ ပညာရေးနယ်ပယ်....စီးပွားရေးနယ်ပယ်..နောက်ဆုံး အင်တာနက်ကို အမှီပြုပြီး လုပ်ကိုင်နေရတဲ့သူတွေအတွက် ကတော့ တော်တော်လေး အထိနာပါတယ်…
အဲ့တော့ ဘာလုပ်လို့ရလဲ? ဘာမှ လုပ်မရပါဘူး....
ပြောချင်တာက ရောင်းရင်းတို့ရေ..အချိန်ခိုက် လုံ့လ စိုက်ပါလို့…
ဘယ်အချိန် ညနေ ၂နာရီကနေ နောက်နေ့ ညနေ (၂) မီးပျက်တဲ့အချိန် တွေက်ိုပြန်ရောက်နိုင်မလဲဆိုတာမသိနိုင်ဘူးမလား ကိုယ့်လူတို့ရေ ...
အရင်တုန်းကလို...လသာတုန်း ဗိုင်းငင် ဆိုသလို
မီးလာတုန်း ရေတင်..ထမင်းချက်..မီးပူတိုက်ကြပါ...
မီးလာရင်.....ရှိသမျှ Device (ဖုန်း/ လက်ပတော့ တွေ) အားသွင်းထားပါလို့...
မီးလာတုန်းလေး....ကောင်မလေးအတွက် Online Delivery မြန်မြန်မှာစရာရှိတာမှာကြပါဗျို့ ..(ဒီနေ့က ဗဲယ်လတိုင်းဒေးမလား ....)
အင်တာနက်ဆိုသည်မှာ ငတက်ပုတို့ခေတ်ကြီးမယ်....ရွှေလိုရှားလို့....
မော်တီဗေးရှင်း ဗားရှင်းလေးနဲ့ ပြောရမယ်ဆိုရင် (Just live in the Present ) ပေါ့ဗျို့...အဲ့လယ်..အင်းကလိတ်လို မှုတ်လိုက်ပြီ…
အဓိပ္ပါယ်ကတော့...လက်ရှိအချိန်မှာအသက်ရှင်ပေါ့ဗျာ..
ဘာသာရေးရှုထောင့်အရ ပြောရရင်တော့ ပစ္စုပ္ပန်ကို ရှုပေါ့.
အခုငါပျော်နေတယ်...ဟုတ်တယ် ငါပျော်နေတယ်ဟေ့
အခု မီးလာတယ်.... ဪ အေးအေး မီးလာတယ်ပေါ့
အခု ပျော်နေတာကို ရှု..မီးလာတာလေးလည်းကိုလည်း ရှု....ကြာရင် သောတာပန်တွေလဲဖြစ်ကုန်တော့မယ် ။
တစ်အောင့်နေရင် မီးလာတာလည်း ပြတ်ချင်ပြတ်မယ်....မပြတ်ချင်မပြတ်ဘူးပေါ့..ငါလည်း ပျော်ချင်ပျော်မယ်..မပျော်ချင်မပျော်ဘူးပေါ့..