International Day for the Elimination of Sexual Violence in Conflict
၂၀၂၅ ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ဆိုင်ရာအကြမ်းဖက်မှုကို ဖယ်ရှားသည့် အပြည်ပြည်ဆိုင်ရာနေ့💁🏻♀️ကမ္ဘာ့သမိုင်း ကိုပြန်လှည့်ကြည့်လိုက်မယ်ဆိုရင်လည်း ပဋိပက္ခကို အခြေပြုပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ အများကြီးရှိခဲ့သလို မြန်မာ့သမိုင်းကိုပြန်လည် လှည့်ကြည့်လိုက်မယ်ဆိုရင်လည်း အကျည်းတန်တဲ့ လိင်မှုရေးရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေရှိနေခဲ့သလို..ယခုထိလည်း ရှိနေဆဲဖြစ်ပါတယ်။
👁ဒီလို အရှုပ်အထွေး ပဋိပက္ခတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတာကတော့ အားနည်းတဲ့ အမျိုးသမီးတွေ၊ အသက်အရွယ်မပြည့်မီတဲ့ ကလေးတွေပါဝင်နေသလို အမျိုးသား အနည်းစုလည်းပါဝင်ပါတယ်။
📍အခုလို တော်လှန်ရေး (၄) နှစ်ကျော်ကြာလာတဲ့အခါမှာတော့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေက စစ်ကောင်စီဘက်မှာရော...တော်လှန်ရေးဘက်တော်သားတွေ ဘက်မှာပါရှိနေတာကိုတွေ့ရပါတယ်။
⁉️လိင်အကြမ်းဖက်မှုကျူးလွန်ခံရတဲ့သူတွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များစွာ ထိခိုက်နိုင်ပြီး၊ ခံစားခဲ့ရတဲ့ ထိခိုက်မှုတွေ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုသတဲ့နေရာမှာလည်း အချိန်များစွာ ယူပါတယ်။
👉ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ ဒီလို အကြမ်းဖက်မှုတွေကို တွေ့တဲ့အခါမှာ မျက်နှာလိုက် ဘက်လိုက်ခြင်းမရှိပဲ ဝေဖန်ထောက်ပြရမှာ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။
👉ခံရတဲ့သူဘက်က ဝန်းရံပြီး ပြစ်မှုကျူးလွန်သူကို ဝေဖန်ထောက်ပြ ရှုံ့ချရပါမယ်။
👉 ပြီးရင်တော့ ပြစ်မှုမြောက်ကြောင်း နဲ့ သက်သေနှင့်တကွ ဉပဒေရေးရာအရ အရေးယူနိုင်အောင် ကြိုးစားရမှဖြစ်ပါတယ်။
👤ဝေဖန်ထောက်ပြပြီး..ဒီလိုကိစ္စတွေ ပပျောက်အောင် လုပ်ဖို့ အားလုံးမှာတာဝန်ရှိတာမို့….
👥မတရားမှုတွေ ကြုံလာရတိုင်း တိတ်ဆိတ်မနေပါနဲ့….
🫂မတရားခံရတဲ့သူဘက်က ရပ်တည်ပေးပါ…
💪ဝန်းရံပါ…
👀ဝေဖန်ထောက်ပြရင်း…
💁🏻♀️ပွင့်လင်းကောင်းမွန်ပြီး တရားမျှတမှုရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းသို့ သွားနိုင်ဖို့ အားလုံးပဲဝိုင်းဝန်းလုပ်ဆောင်ကြပါစို့.....
#SpringRevolutionSecurity #SRS #eliminationofsexual