Inside Bill's Brain: Decoding Bill Gates

Inside Bill's Brain: Decoding Bill Gates

ကြည့်...ကြည့်...ကြည့်


Bill Gates လို့ပြောလိုက်ရင်တော့ မသိတဲ့သူက ရှားတာပေါ့လေ။ 

Bill Gates လို့ပြောလိုက်ရင် နောက်ထပ်တစ်ခုကတော့ Microsoft နဲ့တွဲပြီးလူတွေမှတ်မိကြလေ့ရှိပါတယ်။ William Henry Gates III ကတော့ ကွန်ပျူတာပရိုဂမ်မာ တစ်ယောက်ဖြစ်သလို၊ စွန့်ဦးတီထွင်သူတစ်ယောက်လည်းဖြစ်ပြီး Microsoft Corporation ရဲ့ co-founder တစ်ယောက်လည်းဖြစ် ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ personal-computer software company တစ်ခုကိုလည်းပိုင်ဆိုင်ထားသူပါ။

Bill Gates Codes ကတော့ Documentary လေးပဲဖြစ်ပြီး အပိုင်း(၃) ပိုင်းပါဝင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ Bill Gates ရဲ့ ငယ်စဉ်ကလေးဘဝက စလို့ Bill Gates  အကြောင်း၊  Bill ရဲ့ ပရိဟိတ..သူရဲ့  Microsoft ရဲ့ခရီးစဉ်တွေကို တင်ပြထားတာပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက Bill Gates က သတင်းအချက်အလက်တွေကို ဘယ်လောက်မြန်မြန်စားသုံးပြီး..ideas တွေအနေနဲ့ပြောင်းလဲလိုက်လဲ...သူရဲ့ ဦးနှောက်ကို ဘယ်လိုအလုပ်ပေးလဲဆိုတာတွေပါ တင်ပြထားတာပါ။

“Bill Gate" ရဲ့ အဆိုအရ သူကဦးနှောက်ကို အနားပေးရတာ မကြိုက်တဲ့သူတစ်ယောက်ပါ..အဲ့လိုဖြစ်မှာကိုလည်း သူအကြောက်ဆုံးလို့ ဆိုခဲ့သူပါ"။ သူက တစ်နာရီအတွင်း စာမျက်နှာ ၁၅၀ ကို ကျေကျေ ညက်ညက်ဖတ်နိုင်တာကို သင်သိပါသလား။ အသက် (၁၃) နှစ်မှာစရေးတဲ့ Programing သူ့ရဲ့ ကျောင်းကလူတွေအတွက် Payment System တစ်ခုအတွက် ဆွဲခဲ့တာပါ။ Bill Gates ရဲ့ သတင်းအချက်တွေကို အမြန်စုတ်ယူပြီး..သူ့ဦးနှောက်အလုပ်လုပ်ပုံနဲ့ ...ideas ကောင်းတွေကို ဘယ်လိုဖော်ထုတ်လေ့ရှိလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link လေး မှာ Click တစ်ချက်နှိပ်ပြီး ရူစားကြည့်ကြပါဦးဗျို့......

Episode 1: မှာတော့ Bill Gates ရဲ့ ပရဟိတအကြောင်းတွေနဲ့ သူအကောင်အထည်ဖော်မှုတွေကို တွေ့မြင်ရမှာပါ..

Episode 2: မှာတော့ Bill ရဲ့ IT နယ်ပယ်တဲ့ကို စရောက်ခဲ့တဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာပါ..

Episode 3: မှာတော့ Bill နဲ့သူ့ရဲ့ ဇနီးဟောင်း Melinda Gate တို့စတင်တွေ့ရှိခန်းနဲ့အတူ Bill ရဲ့ စူးစမ်းချင်စိတ်ရှိတဲ့ ပုံရိပ်တွေ တွေ့မြင်ရမှာမို့..... ပေါက်ပေါက်စားပြီး လျှောက်လျှောက်မသွားပဲ ဒီပိတ်ရက်မှာ ကြည့်လိုက်ပါဗျို့

Documentary Link

Episode 1: https://moviesjoy.one/series/inside-bills-brain-decoding-bill-gates-8xxm3/02nv22r

Episode 2: https://moviesjoy.one/series/inside-bills-brain-decoding-bill-gates-8xxm3/xrwzpqq

Episode 3: https://moviesjoy.to/watch-tv/inside-bills-brain-decoding-bill-gates-52309.2526239


ကြည့်ပြီးသားဆိုရင်..ရောင်းရင်းတို့ Content မှာဆွေးနွေးခဲ့ကြပါဦးဗျို့...


Report Page