Information Control Tiactics

မင်္ဂလာပါ ကျွန်တော်Reainပါ၊
ဒီနေ့မှာတော့ ကျွန်တော့်တို့ရဲ့ Perfect Human ကြီးသုံးတဲ့ Manipulation Trick ထဲကတစ်ခုဖြစ်တဲ့ Information Control အကြောင်းကို သိသလောက်ပြောပြသွားမှာဖြစ်ပါတယ်။
မပြောပြခင်အရင်ဆုံးပြောချင်တာက ကျွန်တော်က Knowledge အနေနဲ့ပဲ သိသင့်တာလေးတွေ သိစေချင်လို့ပဲ တင်ပေးယုံပါ လိုက်လုပ်ဖို့ပြောပြတာလဲမဟုတ်သလို ဆရာကြီးလဲမဟုတ်ပါဘူး
ကဲစတော့စလိုက်ရအောင် Information Control ကိုတစ်နည်းအားဖြင့် Collection and Using လို့ခေါ်လို့လဲရပါတယ် မြန်မာလိုဆိုရင်တော့ စုဆောင်းခြင်းနဲ့အသုံးပြုခြင်းလို့ အဓိပ္ပာယ်ရပါတယ် ကျွန်တော်တို့ သတင်းအချက်အလက်တွေဆိုတာ ဘယ်အချိန်ဘယ်နေရာ မဆို အမြဲအသုံးပြုလို့ရပြီး အမြဲအသုံးဝင်ပါတယ် လူတစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ အသုံးချတာပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ ညှိနှိုင်းဖို့ပဲဖြစ်စေ တစ်ယောက်ယောက်ကို ထိန်းချုပ်ချင်လို့ပဲဖြစ်စေ တစ်ယောက်ယောက်ကို ခြိမ်းခြောက်ဖို့ပဲဖြစ်စေ အသုံးဝင်တာမို့လို့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေဆိုတာအရမ်းအရေးပါတာမို့လို့ ထိန်းသိမ်းတက်ဖို့လဲ အလွန်အရေးကြီးပါတယ်။
အဲ့လိုပဲ လူတွေရဲ့အတင်းအချက်အလက်တွေပဲဖြစ်ဖြစ် ကောင်းတာဆိုးတာပဲဖြစ်ဖြစ် အားနည်းချက်ပဲဖြစ်ဖြစ် ရနိုင်သမျှစုဆောင်းထားပြီး ပညာသားပါပါပြန်အသုံးချတက်ဖို့လဲ လိုအပ်ပါတယ် ကိုယ်က Social Skill မကောင်းလို့ အပြောအဆိုညံ့လို့ပဲဖြစ်စေ လူတွေနဲ့ စကားပြောတဲ့အခါမှာ ကြောက်တာတို့ စိုးရိမ်တာတို့ ခက်ခဲမှာတို့ကို မစိုးရိမ်ပါနဲ့ လူတွေကြိုက်တဲ့အရာနဲ့သူတို့ သူတို့ဘာတွေလုပ်တက်လဲ သူတို့ရဲ့အကြောင်းတွေကို လေ့လာနိုင်သမျှလေ့လာပါ ပြီးရင် ကိုယ်လေ့လာထားသမျှကို ပြန်အသုံးချရပါမယ်။
စကားပြောဆိုကောင်းဖို့မလိုပါဘူး အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးရုံ လမ်းကြောင်းပေးရုံနဲ့ရနိုင်ပါတယ် ကိုယ့်ဘက်က စကားစပြောစရာမလိုပဲ ကိုယ့်စီသူတို့စကားလာပြောအောင် လုပ်ယူလို့ရပါတယ် အဲ့အချက်ကြောင့် ကိုယ်ဟာသူတို့ရဲ့ အကြောင်းကိုသိနေရင်ကို Conversation ကောင်းတစ်ခုဖန်တီးနိုင်ပါတယ်။
အရမ်းချမ်းသာတဲ့သဌေးကြီးတွေတောင် သူတို့အချင်းချင်း ရရင်ရသလို စုဆောင်းထားတက်ကြပါတယ် မိတ်ဆွေတွေအဖြစ်အပြန်အလှန် မှီခိုအားထားရတဲ့အခြေအနေမျိုးတွေရယ် ပြီးတော့ အပြိုင်အဆိုင်အားနည်းချက်တွေကို ဆုပ်ကိုင်ထားတဲ့ အခြေအနေမျိုးတွေလဲရှိ့ပါတယ် အဲ့ဒီလိုမျိုး Powerရှိ့တဲ့သူတွေကတောင် သူတို့ကိုယ်သူတို့ ပိုကောင်းအောင် ပိုတော်အောင်လုပ်ရမဲ့ အရာတွေကိုဖန်းတီးဖို့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သတင်းအချက်အလက်တွေကို ဆုပ်ကိုင်အားထားကြရပါတယ်။
အဆုံးထိဖတ်ရှုပေးတဲ့ bro/sis တို့ကိုကျေးဇူးတင်ပါတယ် ကျွန်တော်ပြောသွားတဲ့အထဲအမှားပါသွားခဲ့ရင်တောင်းပန်ပါတယ်ဗျ ဒီPostနဲ့ပတ်သတ်ပြီးComment မှာလာရောက်ဆွေးနွေးနိုင်ပါတယ် နောက်ပြီး ဒီContactလေးတွေကို react တစ်ယောက်တစ်ချက်စီနိမ့်ပေးခြင်းအားဖြင့် ကျွန်တော့်ကိုအားပေးလို့ရပါတယ် ဒီ react လေးတွေက ကျွန်တော့်အတွက် ပိတိဖြစ်စေလို့ပါ။
#Reain
#Contact