Imu the World
JoJoChapter 1162 ဖတ်ပြီးနောက်မှာ Local ကတော့ လှုပ်ရှားတာမတွေ့ရသေးပေမဲ့ Inter မှာတော့ Imu က ကမ္ဘာကြီးဆိုတာအပေါ် လူပြောများနေပါတယ်။ အချို့ကလည်း Symbolism အရ Imu ဟာ ကမ္ဘာကြီးရဲ့ပိုင်ရှင်ဖြစ်တာနဲ့အညီ သူနဲ့ရင်ဆိုင်ရတာက သူပိုင်ဆိုင်တဲ့ကမ္ဘာကြီးပေါ်က အင်အားစုတွေကို ရင်ဆိုင်ရတာနဲ့ အတူတူပဲလို့ Rocks က ဆိုလိုတာဖြစ်ကြောင်းပြောကြပေမဲ့လည်း Imu က တကယ့်ကမ္ဘာကြီး၊ Earth God ကြီးပါဆိုတဲ့အဖွဲ့လည်း သက်သက်ရှိပါသေးတယ်။ အပေါ်ယံကြည့်ရင်တော့ ဒီမှန်းချက်ဟာ တော်တော်လေးအဓိပ္ပါယ်မဲ့တယ်ဆိုပေမဲ့ အံ့ဩဖို့ကောင်းစွာပဲ အဲ့တာကိုထောက်ခံနေတဲ့အချက်တွေက တစ်ပုံတပင်ကြီးပါ။
အစချီရမယ်ဆို Imu ကို စမိတ်ဆက်ကတည်းက မြင်ခဲ့ရတဲ့ပန်းဥယျာဉ်ကြီးဟာ သူရဲ့ သဘာဝအပေါ် ကြိုက်နှစ်သက်မှုကို ဖော်ပြနေပြီး ဒါက သူတင်မဟုတ် သဘာဝကြီးရဲ့မိခင်လို့ ဆိုကြတဲ့ Sea God ကပါ အပါအဝင်ပါပဲ။ ဒါ့ကြောင့် လူတွေရဲ့ စိတ်ကူးကြောင့်ဖြစ်လာတဲ့ သဘာဝလွန်တဲ့အရာတွေဟာ သူ့ရဲ့မုန်းခြင်းကို ခံရတတ်တယ်ဆိုတာမျိုးဟာ ရှိနေရခြင်းပေါ့။ ဒီအချက်အလက်ကို ပြန်ကန်နေတာဟာ Sun God နဲ့ Forest God တွေရဲ့ တည်ရှိမှုဖြစ်မယ်။ ဘာလို့ဆို Harley Text မှာ ဆိုထားတဲ့အတိုင်း Sun God ဟာ လူတွေ ကျူးလွန်ခဲ့တဲ့ ပထမဆုံးသဘာဝလွန်ဖြစ်ရပ်မှာ လူတွေဘက်ကနေရပ်တည်ပေးခဲ့တာကို မှတ်တမ်းတင်ခဲ့ပြီး Forest God ဟာလည်း Devil Fruit တွေဖြစ်လာရခြင်းရဲ့ လက်သည်လို့ အမျိုးမျိုးညွှန်းနေတာကြောင့်ပါပဲ။ ဒါပေမဲ့ သူတို့ဟာ "သဘာဝ" ဆိုတာကို လွန်ဆန်ချင်တာကြောင့်လို့တော့မထင်ဘဲ သူမတူတဲ့အမြင်တွေရှိကြတယ်ပဲပေါ့။ ဒါကတော့ Evidence မရောတဲ့ ထင်ကြေးသက်သက်သာပြောရမယ်ဆို God လေးပါးစလုံးဟာ သဘာဝအပေါ် မတူညီတဲ့ယူဆချက်မျိုးတွေရှိပြီး သူတို့ယူဆချက်ပေါ် သူတို့ရပ်တည်နေတာမျိုးဖြစ်ပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကြိုက်နှစ်သက်မှုဟာ Imu ကို "Earth God" ဖြစ်အောင်လုပ်ပေးဖို့တော့ လုံလောက်မနေဘူးလို့ အားမရကြမှာတော့ နားလည်ပါတယ်။ အဲ့တာဆိုရင်တော့ သူ့ရဲ့စွမ်းအင်တွေအကြောင်းကို ပြောရလိမ့်မယ်။ လက်ရှိအထိဆို Imu ရဲ့စွမ်းအင်တွေဟာ One Piece ရဲ့ Power System နှစ်ခုဖြစ်တဲ့ Haki လုံးလုံးလည်းမဟုတ်သလို Devil Fruit ပြားပြားလည်း ဟုတ်မနေတာတွေ့ရတယ်။ လက်ရှိလုပ်ပြထားတာတွေမှာ Gorosei တွေကိုပဲကြည့်ရရင် Devil Fruit စွမ်းအင်မဟုတ်ပေမဲ့ သာပြီးတူညီတဲ့အစွမ်းကို သုံးနေနိုင်တဲ့ Hint တွေဆိုတာ တစ်လျောက်လုံးပြနေတာမျိုးဖြစ်တယ်။ Intro Box မှာပါတဲ့နာမည်ကအစ ၊ သာမန် Devil Fruit Laws တွေကို ကျော်ပြခဲ့တဲ့ Nusjuro's Transformation တို့ အဆိပ်က ထပေါက်ကွဲတတ်တဲ့ ပေါင်းကူး Abilities တွေကအဆုံးပေါ့။ ဒါ့အပြင် Immortality နဲ့ Teleportation အစွမ်းကိုသုံးရာမှာ Haki ရဲ့ Trace တွေဖြစ်တဲ့ Life Force နဲ့ လျှပ်စီးမဲတွေပါတာဟာလည်း Haki နဲ့ဆင်တူတဲ့ Concept ကို သုံးထားကြောင်းမြင်သာနေတဲ့အတွက်ကို Power System နှစ်ခုလုံးရဲ့ Essence တွေကိုပေါင်းထားတဲ့အရာဟာ သာမန်မဟုတ်တဲ့စွမ်းအင်ဆိုတာမျိုးကို တွေ့နိုင်တယ်။
သို့သော် One Piece Lore ရဲ့ God အဆင့်မှီဖို့ဆို နောက်ဆုံးအပိုင်းအစဖြစ်တဲ့ God လေးပါးရဲ့ Power Balance ဖြစ်ပုံကိုပဲ ကြည့်ရလိမ့်မယ်။ God တွေကြားမှာ အားပြိုင်မှုဆိုတာရှိနေပြီး အမြဲလည်း ထိခိုက်မှုမရှိတာမျိုးလည်း တွေ့နေရတယ်။ ဥပမာဆို Devil Fruit ကို Sea God က မုန်းသော်ငြားလည်း Devil Fruit တွေကို မတိုက်ခိုက်နိုင်ဘူး။ ဒီအတွက်ကြောင့် Devil Fruit Users တွေကိုသာ အားနည်းအောင်လုပ်ဆောင်နိုင်ပြီး အစွမ်းကိုကျလုပ်ဆောင်နိုင်စွမ်း မမဲ့သွားစေတာမျိုးပေါ့။ Imu ဟာလည်း ဒီလို Sea God ရဲ့ အားပြိုင်မှုကို မမှုတဲ့အခြေအနေတွေ Egghead မှာ ပြဖူးပါတယ်။ ပြန်နွှေးပေးရရင်တော့ Warcury ကြီး ပင်လယ်ထဲခုန်ဆင်းပြတာတို့ ၊ Panel ဝှက်သွားလို့ မမြင်ခဲ့ရပေမဲ့လည်း Luffy တီးလို့ ဇကာပေါက်ဖြစ်သွားတဲ့ Saturn ဟာ ရေကူးပြီးကုန်းပေါ် ပြန်တက်ပြခဲ့တယ် ဆိုတာတွေဟာ ရေကိုမမှုခြင်း (တနည်း) Sea God ရဲ့အာဏာမသက်ရောက်ခြင်းလို့ပဲ တွေးရရင် သူ့တို့ကိုထောက်ပံ့ထားတဲ့ Source ဟာ Sea God နဲ့ တန်းတူရှိနေတယ်လို့ ယူဆလို့ပါပဲ။ Newton ရဲ့ Inertia သဘောတရားနဲ့ပဲပြောရမယ်ဆို တူညီတဲ့ Force နှစ်ခုကြောင့် Balance ဖြစ်နေတယ်ဆိုတဲ့သဘောပါပဲ။ ကုန်ကုန်ပြောရရင် Earth God လက်ချက်ကြောင့်ဖြစ်လာတဲ့ ငရဲမြွေကြီး ၊ Red Line လို့ ထင်ကြေးပေးကြတဲ့တိုက်ကြီးကတောင် သူ့ခေတ်သူ့အခါက အသန်မာဆုံး Race တွေနေထိုင်ရာအရပ်ဖြစ်ခဲ့ပေမဲ့ တစ်ယောက်ပဲကျန်အောင်ရှင်းပစ်နိုင်ခဲ့သည့်တိုင် ပါဝင်ပတ်သက်နေလိမ့်မယ်လို့ ယူဆနိုင်သလို Luffy အနာဂတ်မှာ ဖျက်ဆီးရမဲ့အရာကြီးဖြစ်တာနဲ့အညီ Imu ရဲ့ စွမ်းပကားထဲ ထည့်စဉ်းစားသင့်တဲ့အကြောင်းအရာကြီး ဖြစ်လို့နေပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်စားပြုတဲ့ Earth God ကြီးဖြစ်နေတာတောင် ဘာရယ်ကြောင့် ဟိုဟာလုပ်မရလဲ ၊ ဒီဟာလုပ်မရလဲတွေးမယ်ဆိုရင်တော့ Mc ဖြစ်သူ Luffy ဟာ Sun God ဖြစ်လာနိုင်တဲ့အစွမ်းအစရှိနေသူမို့ မျှတနေတာ အမှန်ပါပဲ.. Imu ဆိုတဲ့တည်ရှိမှုကြီးကိုတော့ Oda က ဘယ်လိုလုပ်ဦးမလဲဆိုတာဟာ နောက် Chapter တွေမှာ စောင့်ကြည့်ဖို့ပဲလိုပါတော့တယ်။
Hope you'll enjoy it! Adios!