I Was Reincarnated as the 7th Prince so I Can Take My Time Perfecting My Magical Ability
Pirate Anime MyanmarReview - season 2 ဆက်ထွက်တာပါ။ season 1 ကြည့်ပြီးသား လူတွေဆိုရင်တော့ plot သိပြီးသွားပြီထင်ပါတယ်။ အခုထွက်မယ့် season 2 ကြည့်မယ်ဆိုရင် season 1 ပြေးကြည့်ထားဖို့ပြောချင်ပါတယ်။ အများကြီးမပြောတော့ပါဘူး။
ဇာတ်အိမ်ကတော့ Kingdom of Saloum လို့ခေါ်တဲ့ တိုင်းပြည်မှာတည်ထားပါတယ်။ မှော်အစွမ်းတွေကို ချစ်မြတ်နိုးပြီး မှော်နဲ့ပက်သက်တာမှန်သမျှ အကုန်လိုက်လေ့လာတဲ့ သာမာန်လူတစ်ယောက်။ တစ်နေ့မှာတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ သေဆုံးသွားပြီးတော့ (ဟုတ်ပါတယ် သောက်ရမ်းရှည်တဲ့ နာမည်အတိုင်း) တိုင်းပြည်ရဲ့ ၇ ယောက်မြောက် မင်းသားအဖြစ်နဲ့ပြန်ဝင်စားပါတယ်။ အဲ့နောက်မှာတော့ မင်းသား အဖြစ်နဲ့ အစစအရာရာပြည့်စုံလေတော့ မှော်ပညာတွေ ဘယ်လို လေ့လာ လေ့ကျင့်ပြီး ကြမ်းသွားမလဲ ဘာညာပေါ့။ (ဒီ anime ကို isekai လို့ကျွန်တော်ကတော့ မမြင်ပါဘူး။ တခြားကမ္ဘာမှာ လူဝင်စားတာ/ပို့ဆောင်ခံလိုက်ရတာမျိုး မဟုတ်လို့ပါ။)