Tracking locations and devices via Find Hub App
Google ရဲ့ Find My Device / Find Hub ကိုသုံးပြီး တည်နေရာရှာကြမယ်Google ရဲ့ Find My Device ကိုအသုံးပြုပြီး ရှာဖွေခြင်း
- ပျောက်ဆုံးသွားသော စက်ပစ္စည်းကို ရှာဖွေဖို့ရန်အတွက်
- https://www.google.com/android/find/ ကိုဝင်ပါ။
- ဒါမှမဟုတ် Google’s Find Hub Application ကို Download ဆွဲပါ။
- ပျောက်ဆုံးသွားသော ဖုန်းထဲမှာ Login ဝင်ခဲ့တဲ့ Gmail ကို ပြန်ပြီး Log in ဝင်ပါ။
- ပြီးတာနဲ့ စက်ပစ္စည်း နောက်ဆုံးဝင်ခဲ့တဲ့ Location ကိုမြင်ရမှာပဲဖြစ်ပါတယ်။
- ဒီနေရာမှာ သင်က ဖုန်းပျောက်သွားတယ် ပြန်မရနို်င်တော့တဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုရင် ဖုန်းထဲမှာပါသွားတဲ့ အချက်အလက်တွေကို လှမ်းဖျက်လိုက်နိုင်ပါတယ်။
- ပြန်ရနို်င်တဲ့သေးတဲ့ အခြေအနေလို့ယူဆရင် ပျောက်ဆုံးသွားတဲ့ Screen ကို Lock လုပ်နို်င်ပါတယ်။
Google Find My Device အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေအနေ
- ဖုန်းကို Location ဖွင့်ထားဖို့လိုပါတယ်။
- ပျောက်သွားတဲ့ ဖုန်းထဲမှာရှိတဲ့ Gmail အကောင့် User Name နဲ့ Password ကို သိဖို့လိုပါတယ်။
- အကောင့်ကို နှစ်ဆင့်ခံ လုံခြုံရေး ထားရှိခဲ့ပါက Backup Code တစ်လုံးကိုသိရမှာဖြစ်ပါတယ်။
- ပြီးရင်တော့ ပျောက်ဆုံးသွားတဲ့ ဖုန်းက Power ရှိနေဖို့နဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့လိုပါတယ်။
အသိမိတ်တွေတစ်ယောက် ပျောက်ဆုံးသွားတဲ့အခြေအနေမှာဆိုရင်….
- လူတစ်ယောက်နဲ့ သူနဲ့အတူ တွဲပါနေတဲ့ စက်ပစ္စည်းကို ခြေရာခံနိုင်ဖို့ဆိုရင်
- အပြင်မသွားခင်ကတည်းက အပြန်အလှန် Location မျှဝေတာမျိုးကို ကြိုတင်ပြုလုပ်သင့်တယ်။
- ထိုသို့ပြုလုပ်နိုင်ရန် Find Hub App ကိုဝင်ပါ။
- Device နဲ့ people ကိုတွေ့ရပါမယ်။
- Device ကတော့ မိမိစက်ပစ္စည်းများရှာဖွေရာတွင် သုံးပါတယ်။
- People ထဲကိုဝင်ပါ။
- (+) Sign ကိုဝင်ပြီး New Share ကိုနှိပ်ပါ။
- ပြီးရင်တော့ မိမိမျှဝေလိုသည့် အချိန်အပိုင်းအခြားကိုရွေးပါ။ Custom Sharing ကိုနှိပ်ပြီး မိမိစိတ်ကြိုက်အချိန်ရွေးချယ်ပါ။
- ပြီးရင်တော့ အောက်လေးဆွဲပြီး Share link ကိုနှိပ်ပြီး link ကို Copy ယူပါ။
- ပြီးရင်တော့ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်လို့ရမယ့် App တစ်ခုခုသုံးပြီးမျှဝေပါ။
- ဒီနေရာမှ သတိထားဖို့က စက်ပစ္စည်းရဲ့ တည်နေရာမျှဝေထားခြင်းက အမှန်တကယ်တော့ အန္တရာယ်များနိုင်တာမို့ မိမိစိတ်ချရတဲ့သူကိုသာ မျှဝေပါ။
- အချိန်ကို နာရီဝက်မှ တစ်နာရီပဲသတ်မှတ်ပြီး မျှဝေထားပါ။
- ထိုသို့မျှဝေရာတွင် Google Hub တွင် location “On” ထားမှသာ တစ်ဘက်လူမှ မိမိတည်နေရာကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ အလယ်ဘက်မှာရှိတဲ့ စက်ဝိုင်း တည်နေရာကို အဖွင့်အပိတ်လုပ်ခြင်းဖြင့် တည်နေရာကို “ဖွင့်ခြင်း" "ပိတ်ခြင်း" ပြုလုပ်နိုင်ပါသည်။
မျှဝေထားသော Link ကို တည်နေရာ ပိတ်နည်း….
- အချိန်အတိုင်းအတာ တစ်ခုထိ သတ်မှတ်ပြီး တည်နေရာမျှဝေပြီးသွားပြီဆိုလျှင်
- မျှဝေထားသော Location တည်နေရာအားပြန်ပိတ်ဖို့ရန်လိုအပ်ပါတယ်။
- Find Hub App ကိုဝင်ပါ။
- မျှဝေခဲ့သော link ကိုပြန်နှိပ်ပြီး stop sharing location ကိုနှိပ်ပြီးပြန်ပိတ်ပါ။