How to set up Buddy System
Buddy System ကို ဘယ်လို တည်ဆောက်ကြမလဲ?📣Buddy System ကို ဘယ်လို တည်ဆောက်ကြမလဲ?
👉 Buddy System ကိုတည်ဆောက်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ရပါမယ်။
👉 မိမိအပြင်မထွက်ခင် ယုံကြည်ရတဲ့ သူများနဲ့ Location မျှဝေထားရပါမယ်။
👉Google ရဲ့ Find Hub ကိုအသုံးပြုနိုင်သလို Apple ရဲ့ Family sharing ဒါမှမဟုတ် Find My / Help a friend feature တွေကို အသုံးပြုနိုင်ရန် ကြိုတင်လေ့လားထားရပါမယ်။
👉အရေးပေါ်အခြေအနေမှာ ကူညီရနိုင်ဖို့အတွက်ဆိုရင်တော့ မိမိရဲ့ တည်နေရာကို ချက်ချင်းအသိပေးနိုင်မယ့် Life 360 တိုလို့ App ကိုအသုံးပြုနိုင်ပါတယ်။
📣 Buddy System လုပ်ရင်ဘာတွေ သတိထားဖို့လိုမလဲ?
📍မိမိရဲ့ တည်နေရာကို မျှဝေမှာဖြစ်တဲ့အတွက် တကယ်ကို ယုံကြည်စိတ်ချရတဲ့ မိသားစုဝင် (သို့) မိတ်ဆွေဖြစ်ဖို့လိုပါတယ်။
📍 Location ကို “On” ထားရပြီး တစ်ချို့ အခြေအနေများအတွက် မိမိဖုန်းထဲမှာ Login ဝင်သွားမယ့် Gmail Password လိုမျိုးကို မျှဝေထားဖို့ လိုတာမျိုးရှိတာမို့ ကြိုတင်စီမံထားဖို့လိုပါတယ်။
📍ယုံကြည်စိတ်ချရမှုနဲ့ Privacy ကို အလေးပေးစဉ်းစားသင့်ပါတယ်။
📍Location မျှဝေတာက အတိုင်းအတာတစ်ခုထိ ကိုယ့်ရဲ့ Privacy ကိုချိုးဖောက်ခွင့်ပေးထားသလိုဖြစ်တာမို့..မပေးခင်ကတည်းက မျှဝေပေးမယ့်သူနဲ့ အပြန်အလှန်ယုံကြည်မှုရှိထားပြီးသူဖြစ်ရပါမယ်။ ပြီးရင်တော့ အချိန်အတိုင်းအတာ တစ်ခုထိပဲ မျှဝေထားပြီး..မလိုအပ်တော့ရင် ချက်ချင်း Location Share ထားတာကို ပိတ်ထားရမှာဖြစ်ပါတယ်။
📣Location မျှဝေရာတွင် အသုံးပြုသင့်သည် App များနှင့် လမ်းညွှန်များ
👁🗨Google Hub အသုံးပြုနည်းလမ်းညွှန်
📍https://www.facebook.com/share/v/16ct5ekqsC/
👁🗨Apple ရဲ့ Find My အသုံးပြုနည်းလမ်းညွှန်
📍https://www.facebook.com/share/v/1Y4h1mPoqA/
👁🗨Life 360 အသုံးပြုနည်းလမ်းညွှန်
📍https://www.facebook.com/share/v/1EmUBM4PSY/