How to delete your old digital footage!

How to delete your old digital footage!

သင့်ရဲ့ဒစ်ဂျစ်တယ်ဘဝဟောင်းက ဒေတာတွေကို ဘယ်လိုအဆုံးသတ်မလဲ?


အခုအခြေအနေမျိုးမှာ နွေဦးသူရဲကောင်းတစ်ယောက်ချင်းစီအနေနဲ့ကတော့ ဒေတာနဲ့ ကိုယ်နဲ့အတူမရှိရေး..ဒို့အရေးလို့ပြောရမယ့်အချိန်ပါ။ ဘာလို့လဲဆိုတော့ လူနဲ့ ဒေတာနဲ့ တွဲပြီးမမိဘူးဆိုရင်တော့ အတိုင်းအတာ တစ်ခုထိ အဆင်ပြေနေသေးလို့ပါ။ 


အဲ့တော့ တစ်ချို့ရောင်းရင်းတွေက ပြောပါဦးမယ်..အကုန်ဖျက်ထားပြီးပြီး..ဖုန်းထဲမှာ ဘာမှမရှိဘူးပေါ့လေ...သို့ပေမယ့် ဖုန်းထဲက My File ထဲလည်း ဝင်စစ်ရော Telegram ဆိုတဲ့ File တစ်ပြုံကြီး..အကုန်မိတာပဲ ကိုယ့်လူရေ..

Telegram က ကျွန်တော်တို့ ဒေတာတွေကို Local Storage လို့ခေါ်တဲ့ ဖုန်းထဲမှာပဲသိမ်းထားတာရော..ကဲအဲ့လိုဆို့....ဖုန်းထဲကဒေတာတွေကရော? 


ဖုန်းထဲက ဒေတာတွေက ရိုးရိုး Delete လုပ်လိုက်ရုံနဲ့ မပျက်သွားပါဘူး Recycle Bin ထဲကို ရောက်သွားပါတယ်။ Recycle Bin ဆိုတာက Gallery ထဲမှာ ၊ File Manager ထဲမှာရော ပါတတ်ပါတယ်။ ကိုယ်ဖျက်လိုက်တဲ့ ဖိုင်တွေကို Recycle Bin ထဲကနေ ထပ်ပြီး သွားဖျက်ဖို့လည်း လိုအပ်ပါတယ်။ အဲ့ထဲနေ ဖျက်လိုက်ရုံတင်တော့လည်း လုံလောက်တယ်တော့ မဟုတ်ပါဘူး။ ဖုန်းထဲမှာ ဖိုင်တွေကို ဖျက်လိုက်တဲ့အခါမှာလည်း ဖိုင်တွေက တကယ်ပျက်သွားတာမဟုတ်ပဲ ဖိုင်တစ်ခုဖြစ်ဖို့လိုအပ်တဲ့ အစိတ်အပိုင်းအသေးလေးတွေကို ဖျက်လိုက်တာပါ။ အဲ့အတွက် ဘယ်လိုမှ ပြန်ဆယ်လို့မရအောင် ဖျက်ပစ်လိုက်ဖို့လိုပါတယ်။ Shreddit လို ဖုန်းထဲက ကျန်ခဲ့တဲ့ ဖိုင်အစိတ်အပိုင်းတွေကို ဘယ်လိုမှ ပြန်ဆယ်လို့မရအောင် အကြိမ်ကြိမ်ဖိုင်အသစ်ပြန်ရေးပြီး ဖျောက်ပစ်လိုက်တဲ့ App မျိုးကို အသုံးပြုနိုင်ပါတယ်။


ပြီးတော့ Facebook …..အခုဆိုရင် Facebook  မှာလဲ Recycle Bin ရှိလာပါပြီ ။ အရင်ကဆို  ကိုယ်တင်ထားတဲ့ Post ၊ ကိုယ် Share ထားတဲ့ Post တွေကိုဖျက်ချက်ရင်  Delete နဲ့ ဖျက်လိုက်ရင် တန်းပျက်ပေမယ့် အခုတော့ ဖျက်ချင်တယ်ဆို Move to Trash နဲ့ပဲ ဖျက်လို့ရတာကို သတိထားမိကြမယ်ထင်ပါတယ် ။ ဒါကြောင့် ဒါဟာ အပြီးပျက်သွားခြင်းမဟုတ်ပဲ Trash သို့မဟုတ် Recycle Bin  ထဲမှာရှိနေမှာဖြစ်ပါတယ်။ Facebook ရဲ့ Recycle Bin  ကိုသွားရှင်းချင်တယ်ဆိုရင် Profile Setting ထဲက Archive ထဲကိုဝင်ပြီး Recycle Bin ဆိုတဲ့ထဲထိ ဝင်ပြီး အပြီးသွားဖျက်ဖြစ်ဖို့ကိုလိုကိုလိုပါတယ်။ 


အဲ့လိုဆိုတော့ အက်မင်ကလည်း အဲ့ဒါဆိုဘာလုပ်ရမလဲ ဆိုရင်တော့ လုပ်နိုင်တာ (၂)ခုရှိပါတယ်။ ပထမ တစ်ခုတော့ ကိုယ့်ရဲ့ အမှိုက်ပုံး (Trash, Recycle Bin) ကို ပုံမှန်ရှင်းပစ်ပြီး လိုအပ်ရင် FIle Shredder တွေ အသုံးပြုဖို့ပါ။  ဒုတိယတစ်ခုကတော့ ရှိနေတဲ့ ဒေတာတွေကို Encrypted (ဝှက်စာအနေနဲ့သိမ်းတဲ့နည်း) လုပ်ဖို့လိုပါတယ်...Encryption လုပ်ထားတဲ့ အသံဖိုင်၊ ဓါတ်ပုံ၊ ဗွီဒီယို ဖိုင်တွေက ဖိုင်အနေနဲ့တော့ရှိနေပေမယ့် ဖြည်ပြီးကြည့်လို့မရအောင်လုပ်ထားတာပါ။


ရောင်းရင်းတို့အနေနဲ့ ဖုန်းထဲမှာ ထိရှလွယ်တဲ့ ဓါတ်ပုံတွေ၊ အသံဖိုင်တွေ၊ ဗွီဒီယို ဖိုင်တွေရှိနေခဲ့ရင် အလွယ်တကူ Encryption ပါတဲ့ Application လေးသုံးပြီး လုံခြုံအောင် လုပ်နိုင်ပါတယ်။ Datshin ကတော့ ရောင်းရင်းတို့ တစ်ကိုယ်ရေးသုံး ပုံဝှက်မယ်..အသံဖိုင်တွေဖမ်း လုပ်လို့ရတယ်ဗျို့..

MM Reporter ကတော့ သတင်းငှါနတွေကိုပါ သတင်းတိုက်ရိုက်ပေးပို့နိုင်တာမို့ တော်တော်လေးကို သုံးသင့်တဲ့ App တွေပါဗျို့..... App တွေသုံးနည်း အသေးစိတ်ကို  Link ထဲဝင်ဖတ်ပေးပါဗျို့..


Shreddit download ဆွဲရန် Link:

https://play.google.com/store/apps/details?id=com.palmtronix.shreddit.v1&hl=en_US&gl=US


ကိုယ်သိရင်..သူများလုံခြုံအောင်လည်း ဝေမျှခြင်းအားဖြင့် အရေးတော်ပုံအောင်မြင်ဖို့ ကူညီကြပါစို့..

ဒစ်ဂျစ်တယ်ဘဝဟောင်းက ဒေတာတွေကို အဆုံးသတ်နိုင်ကြပြီး ဒစ်ဂျစ်တယ်ဘဝသစ်ကို ထူထောင်နိုင်ကြပါစေ...




Report Page